Local

Echo နဲ့ RevoTech တို့ ပူးပေါင်းပြီး ERA Myanmar ကို တည်ထောင်

Read 1863 times
Echo နဲ့ RevoTech တို့ ပူးပေါင်းပြီး ERA Myanmar ကို တည်ထောင်

အဲဒီကဏ္ဍစုံဆက်သွယ်ရေး အေဂျင်စီ (Integrated Communications Agency) အသစ်ဟာ ဒီဂျစ်တယ်အခန်းကဏ္ဍ၊ တမူထူးခြားသော ဖန်တီးမှုအပိုင်နဲ့ နည်းဗျူဟာမြောက်ဆက်သွယ်ရေး (Strategic Communication) နယ်ပယ်မှ ကျွမ်းကျင်သူဦးရေ ၇၀ နဲ့ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒီလို လက်တွဲပူးပေါင်းမှုဟာ မြန်မာနိုင်ငံရဲ့ အေဂျင်စီလောကမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ Digital Marketing နည်းပညာပိုင်းတွင် RevoTech ရဲ့ကျွမ်းကျင်မှုနဲ့ Echo ရဲ့ Public Relations နဲ့ Strategic Communications ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစပ်လိုက်တာဖြစ်ပါတယ်။

Era Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Anthony Larmon က “ယခင်ကလို သမားရိုးကျ မီဒီယာနည်းလမ်းတွေကလည်း အခုချိန်ထိ အရေးပါတဲ့ကဏ္ဍ ဖြစ်နေသေးတယ်ဆိုပေမယ့် ဒီကနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ နဲ့ ပြောင်းလဲလာတဲ့ မီဒီယာအသုံးပြုမှုပုံစံတွေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ မြန်မာနိုင်ငံအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုအတွက် ERA ဟာ အဖြေဖြစ်ပါတယ်။

လုပ်ငန်းစစချင်းမှာ သင့်ကုန်ပစ္စည်းကို ဖောက်သည်တွေလက်ခံလာစေမယ့် အချက်များ

အဲဒါကတော့ ကျွန်တော်တို့ အနေနဲ့ Client တွေရဲ့ စီးပွားရေးလုပ်ငန်းစုတွေမှာ ပါဝင်နေသူတွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ထောင်ပေးပြီး ဆက်နွယ်မှုရှိတဲ့ Campaign တွေ ဆက်လက်ပြီး ဖန်တီးသွားနိုင်ဖို့ဆိုတာတွေအပြင် Client တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အနာဂတ်မှာ အေဂျင်စီတွေအနေနဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေရမလဲဆိုတဲ့ မေးခွန်း အတွက် ERA ဟာ အဖြေတစ်ခုပါပဲ” ဟု ဆိုပါတယ်။

“RevoTech ဟာဆိုရင်လည်း Marketing နည်းပညာဆိုင်ရာ နည်းလမ်းတွေမှာ ဦးဆောင်သူဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ERA နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာတစ်ခုက နှစ်ဖွဲ့လုံးရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး ဒီဂျစ်တယ်၊ အစဉ်အလာ၊ ပွဲအခမ်းအနားတွေအပြင် အများနဲ့မတူတဲ့ ဖန်တီးမှုအခန်းကဏ္ဍတွေမှာလည်း ထူးခြားတဲ့ Campaign အသစ်တွေကို ဖန်တီးလုပ်ကိုင်သွားဖို့တွေဘဲ ဖြစ်ပါတယ်။” လို့ ERA Myanmar ရဲ့ ဒါရိုက်တာဖြစ်သူ စောသူရဝင်းက ပြောကြားခဲ့ပါတယ်။

credit; Digital Times
Myanma Advertising Directory