Digital Marketing

Instagram မှာ သင့်စီးပွာရေးကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ...?

Read 1439 times
Instagram မှာ သင့်စီးပွာရေးကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ...?

Performance နဲ့ ပျံ့နှံ့စေလိုပါက Instagram မှာ သင့်လုပ်ငန်းအတွက် Engagement Rate ကို Boost လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Engagement Rate ကို ဘယ်လောက်ထိလုပ်နိုင်မလဲ ဆိုတာသုံးသပ်ကြည့်နိုင်ပါတယ်။ Instagram မှာသင့်စီးပွားရေးကို အောင်မြင်တဲ့လမ်းကြောင်းဖြစ်စေမဲ့အချက်များကိုလေ့လာကြည့်ရအောင်...

 

၁။ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါ

Instagram မှာသင်ဟာ လုပ်ငန်းတစ်ခုလုပ်နေပြီဆိုရင် စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ မမေ့ပါနဲ့။ သင်ဟာ Instagram ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး အလုပ်လုပ်နိုင်မယ်ဆိုရင် သင့်လုပ်ငန်းအတွက်ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်လာပါလိမ့်မယ်။

 

၂။ တခြားသူတွေဘယ်လိုလေ့လာကြလဲ

တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လေ့လာစရာတွေအများကြီးပါ။ ဒီလိုလေ့လာစရာတွေအများကြီးထဲမှာမှ အောင်မြင်နေတဲ့ Instagram Marketer တွေကိုလေ့လာကြည့်ပါ။ သူတို့တွေ ဘာကိုလေ့လာနေကျသလဲ ဘယ်လိုလေ့လာကျသလဲဆိုတာတွေ့ရမှာပါ။

 

၃။ ကိုယ်ရဲ့ Post ဟာ Follower တွေရဲ့ အချိန်ကို မကုန်ပါစေနဲ့

Instagram newfeed မှာသင့်ရဲ့ Post ဟာFollower တွေအတွက်အကျိုးအမြတ်ရရှိခဲ့မဲ့ဆိုရင် သင့်ရဲ့ Post တွေကို နောက်တစ်ကြိမ်ကြည့်ဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ သင့်ဟာ Followerတွေရဲ့ Engagement ကိုရရှိထားပြီဆိုရင် နောက်ပိုင်းမှာ အောင်မြင်တဲ့ Instagram လမ်းကြောင်းကိုလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

 

၎။ Promotion လေးတွေ လုပ်ပေးပါ

သင်ဟာ Follower တစ်ထောင်(သို့မဟုတ်) တစ်ထောင်မပြည့်ဘူးဆိုရင် နေ့စဉ် Post တစ်ခုတင်ရုံ နဲ့ လုပ်ငန်းအောင်မြင်ဖို့မလုံလောက်ပါဘူး။ သင့်လုပ်ငန်းအတွက် Cross – Promote လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို Cross – Promotion လေးတွေပြုလုပ်ပေးမှသာ Instagram မှာ သင့်ရဲ့လုပ်ငန်းကိုလူသိများလားပြီး အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

 

ယခုအကြံပြုချက်များကို လေ့လာပြီး Instagram မှာသင့်လုပ်ငန်းတွေကို အောင်မြင်စွာလုပ်ကိုင်နိုင်ပြီး၊ Followers တွေရဲ့ Engagement ကိုထိထိမိမိရရှိနိုင်အောင်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်


Sourcel; SEOMyanmar - Digital Marketing Services