Global

Bumble ရဲ့ လူမဲအသားပေးကြော်ငြာ Campaign

Read 1667 times
Bumble ရဲ့ လူမဲအသားပေးကြော်ငြာ Campaign

 

အခု Bumble ဟာဆိုရင် နာမည်ကြီး Dating App တစ်ခုဖြစ်ပြီး ဗြိတိန်က လူမဲ ၅၃ ရာခိုင်နှုန်း ဟာဆိုရင် အချစ်ကို ရှာဖွေတဲ့ အွန်လိုင်းပေါ်က Dating App တွေမှာ မတွေ့ရပါဘူး။ထို့အပြင် ပိုဆိုးတာက လူမဲ အမျိုးသမီး ၆၇ ရာခိုင်နှုန်းလောက်က အဆိုပါ Dating App တွေမှာမတွေ့ရပါဘူး။

 

 

ရှာဖွေတွေ့ရှိချက် တွေအရ အင်္ဂလန်မှာရှိတဲ့ ၄ ပုံမှာ ၃ ပုံ လူမဲတွေဟာ သူတို့ပုံတွေ ၊ ချိန်းတွေ့တဲ့ အကြောင်းအရာ တွေနဲ့ ပတ်သတ် ဘယ်တော့မှ ပွင့်လင့်မြင်သာစွာရေးထားခြင်းမရှိပါဘူး။ ထိုသို့လူမဲတယ်ဆိုတာကလည်း Bumble ရဲ့ Keyword တွေမှာ ‘romance’, ‘relationship’, နဲ့ ‘couple’ စတာတွေသာပါဝင်တာဖြစ်ပြီး လူမဲနဲ့ ပတ်သတ်ပါဝင်မှု မရှိခဲ့ပါဘူး ဒါကြောင့် Key word နဲ့ ကြော်ငြာ Campaign တစ်ဖြစ်လဲ Bumble ကို #MyLoveIsBlackLove ဆိုတာနဲ့ မိတ်ဆက်ခဲ့တာပါ။

 

ထိုကြော်ငြာ Campaign မှာ ဗြိတိန်မှ ရုပ်ရှင်မင်းသားများ , အနုပညာရှင်များ နဲ့ အားကစား သမားများ , နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြီး လူမဲ အချစ်ဆိုတဲ့ ဇာတ်လမ်းသွားဆန်ဆန် ကြော်ငြာ Campaign လေးကို ရိုက်ကူးထားတာတွေ့ရပါတယ်။ #MyLoveIsBlackLove ကြော်ငြာ Campaign ဟာ အလေးထားရဖွယ် ဗြိတိန်မှ လူမဲ အချစ်ကို ပြသထားတာဖြစ်ပြီး ၂၀၂၀ အောက်တိုဘာလ မှာစတင်မိတ်ဆက်မယ်သိရပါတယ်။ပြီးနောက်မီဒီယာများအသီးသီးမှာဖော်ပြသွားမယ်သိရပါတယ်။

 

Ref : The Drum