Marketing

Burger King က PS 5 တွေ တကယ်ပေးနေပြီ

Read 2023 times
Burger King က PS 5 တွေ တကယ်ပေးနေပြီ

 

ပြီးနောက် Play Station 5 ကို ကံထူးသွားတဲ့ Burger King စားသုံးသူတွေရဲ့ ဆုလက်ဆောင် လက်ခံ ဗီဒီယိုများကို လည်း အဆက်မပြတ် တင်ထားတာတွေ့ရပါတယ်။ဒါဟာဆိုရင် Burger King ဟာ သူတို့ရဲ့ ပရိုမိုးရှင်း Campaign ကို လက်တွေ့လုပ်ဆောင်နေတာမြင်ရမှာပါ။အဆိုပါ‌ Campaign အတွက် Play Station ရဲ့မိခင် လုပ်ငန်းစု Sony နဲ့ Burger King တို့ပူးပေါင်းလုပ်ဆောင်တဲ့ အရာတစ်ခုပါ။

 

ဒါဟာ Burger King ကို သူ့ ပရိသတ်တွေက Support လုပ်စေတဲ့ စျေးကွက်မြှင့်တင်ရေး နည်းလမ်းသာ ဖြစ်ပြီး အကယ်၍သင်က မဲပေါက်ခဲ့တယ်ဆိုရင်တော့ ချက်ချင်းလက်ငင်း သင်ရမှာပါ ဘာလို့ဆို Burger King ကို လက်ရှိ PS 5 အလုံးရေ ၁၀၀၀ လောက် ပို့ဆောင်ထားတာ သူတို့လက်ဝယ်ရောက်ရှိနေပြီသိပါတယ်။

 

ထိုသို့ခဲခြစ်ကူပွန်ရဖို့ သင့် အနေနဲ့ ပထမဦးစွာ Burger King ရဲ့ App ကို သင့်ဖုန်းထဲမှာ ဒေါင်းလုဒ်ဆွဲရပါမယ်။ပြီးနောက်သင်၅ ဒေါ်လာဖိုး ဝယ်ယူလို့ရထားတဲ့ ကူပွန်ကိုသင့်ဖုန်း App ထဲမှာ ရိုက်ထည့်ရမှာပါ။Burger King မှ အမဲသားတုံကင် ဟမ်ဘာကာ နဲ့ ကြက်သား အသားညှပ် ပေါက်မုန့် ၊ ကြက်သားကြော် ကျိန်းသေပေါက် ဝယ်ရပါမယ်။အခြားစျေးလျော့တဲ့ ပရိုမို ကုတ်တွေ သင့်အနေနဲ့သုံးလို့မရပါဘူး။

 

၎င်း ပရိုမိုးရှင်းဟာ နိုဝင်ဘာလ ၂၀၂၀ မှာ PS 5 စတင် မရောင်းချခင် ၁၀ ရက်အလိုမှာ ပိတ်သိမ်းတော့မှာပါ အသက် ၁၈ နှစ်အထက်ရှိနေမှ အဆိုပါ ပရိုမိုရှင်းအစီအစဉ်ကို ပါဝင်နိုင်မယ်လို့ သိရပါတယ်။ထို့အပြင်လူတစ်ယောက်မှာ ၁ ရက် ၁ကြိမ်သာ ကံစမ်းခွင့်ရှိပါတယ်။

 

လက်ရှိမှာတော့စားသုံးသူများကို အလုံး ၁၀၀၀ ထိ ကံစမ်းခွင့်ပေးမယ်သိရပြီး အမေရိကန် ပြည်ထောင်စုရဲ့ပြည်နယ် ၄၈ ခုမှာ ပရိုမိုးရှင်းလုပ်နေပါပြီ။အမေရိကန်မှာ Burger King ဆိုင်ပေါင်း ၇၂၀၀ ကျော်ရှိပြီး ဆိုင် ၇ ဆိုင်မှာ အနည်းဆုံး ၁ လုံးကတော့ ပေါက်ကိုပေါက်မယ်လို့ပြောပါတယ်။ကဲ PS 5 လက်ဆောင်ရရှိသွားတဲ့ လူတွေကို တစ်ချက်ကြည့်လိုက်ရအောင်နော် ....

 

 Myanmar Advertising Directory