အဆိုပါ Campaign ကို သူတို့ရဲ့ ဆိုင် ၅ ဆိုင်တွင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး , အိုဟိုင်းရိုးရှိဆိုင် , တက္ကဆက်ဆိုင် ,အလားဘားမာမှ ဆိုင် နဲ့ အီလီနွိုက်ပြည်နယ် နဲ့ ရော့ပ် ကျွန်းစုရှိဆိုင်တွေမှာ ကြောက်မယ်ဖွယ် အပြင်အဆင်တွေနဲ့ ဟောလိုဝ◌င်းပွဲတော်ရဲ့ Campaign တစ်ခုအဖြစ်ကျင်းပမှာဖြစ်ပါတယ်။
၎င်း Campaign အတွက် Burger King မှ ဆိုရှယ်မီဒီယာ ချန်နယ် များ ထားရှိသည့်အပြင် www.bk.com/scaryplaces ဆိုတဲ့ခေါင်းစဉ်နဲ့ Chanel တစ်ခု သီးသန့်ထားရှိပေးထားပါတယ်။စားသုံးသူတွေအနေနဲ့ မိမိ ကိုယ်တာရရှိထားတဲ့ ကူပွန်နဲ့ ထုတ်ယူရမှာဖြစ်ပြီး ကိုဗစ်ကာလမို့ဆိုင်ထိုင်စားခွင့်တော့မရှိပါဘူး။
ပရိုမိုးရှင်းက ၂၀၂၀ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ၂၀၂၀ အောက်တိုဘာလ ၃၁ ရက်နေ့ထိပဲ ရှိမယ်သိရပါတယ်။ထို့အပြင် Burger King ရဲ့ ပရိသတ်တွေအနေနဲ့ သိထားရမှာက စွန့်ပြစ်စားသောက်ဆိုင်တန်းတွေက ပိုင်တဲ့သူ ရှိပါတယ် ကျူးကျော်ဝင်ရောက် လို့မရပါဘူးတဲ့။
ပြီးခဲ့တဲ့ နှစ်တွေ က Burger King က ဟောလိုဝင်းမှာ McDonald ကို အပြီ မားကတ်တင်းရေးရာသုံးချေပခဲ့ပြီး မက်ဒေါနယ်ရဲ့ လဘ်ကောင်အရုပ် လူပြက်ရုပ်ကို လှောင်ပြောင် သရော်ကာ ကြောက်မက်ဖွယ် လူပြက်အရုပ်အဖြစ်ပြောင်းလဲကာ မားကတ်တင်း Campaign လုပ်ခဲ့ပါသေးတယ်။
Burger King ရဲ့ ကမ္ဘာ့နှင့်တစ်ဝှမ်းဆိုင်ရာ မားကတ်တင်း ဥက္ကဌ Fernando Machado ပြောကြားချက် အရ '' ကျွန်တော်တို့တွေဟာ ဟောလိုဝင်းကို ပျော်ရွှင် စေချင်တဲ့ စေတနာရှိပါတယ် , ထို့အပြင် ကျွန်တော်တို့ Burger King က အမြဲစနောက်ရတာကို ကြိုက်တော့ ဟောလိုဝင်းနဲ့ က အန်ကိုက် ပေါ့ . ပရိသတ်တွေကလည်း အခုလို စိတ်လှုပ်ရှားမှုတွေကို ရကြတာကို ပျော်ရွှင်ပုံပါ ထို့ကြောင့် ပိတ်ထားတဲ့ ဆိုင်အဟောင်းတွေကို သရဲခြောက်တဲ့နေရာအဖြစ် ပြုလုပ်ထားပေးတာပါတဲ့။
အခုကိုဗစ်ကြောင့်ဆိုင်တွေ ပိတ်ရတဲ့ အခါမှာ Fast food ဆိုင်တွေလဲ အထိနာခဲ့ပါတယ် ။ ကုန်အမှတ်တံဆိပ်နာမည်မကျအောင်ထိန်းပေမယ့် ဆိုင်တွေ လျော့လိုက်ရတာတွေရှိတယ် ဒါ့ကြောင့် Burger King မှ အခြားထူးထူးခြားခြားများ ထပ်မလုပ်နိုင်တာပါတဲ့။