Outdoor Advertising

ဘတ်စ်ကားကြော်ငြာခြင်း ဘယ်ကစတင်ခဲ့သလဲ?

Read 1500 times
ဘတ်စ်ကားကြော်ငြာခြင်း  ဘယ်ကစတင်ခဲ့သလဲ?

အစတုန်းကတော့ Banner တွေအဖြစ်လောက်သာ ကြော်ငြာတာမျိုးရှိခဲ့တာပါ။ ဒါပေမယ့် ယာဉ်တစ်စီးလုံးကို စတစ်ကာအပြည့်ကပ်ပြီး ကြော်ငြာအဖြစ် စတင်တာကိုတော့ ၁၉၀၀ ခုနှစ်အစောပိုင်းကာလတွေမှာ Milton Hershey ဆိုတဲ့သူက သူ့ရဲ့Hershey ဆိုတဲ့ Logo ကို ရေးဆွဲပြီး ကြော်ငြာဖို့ စိတ်ကူးရတာကနေ စတင်တယ်လို့လည်း သိရပါတယ်။

 

ဒီအိုင်ဒီယာဟာ အခြားကုမ္ပဏီတွေအားလုံးဆီကို ချက်ချင်းပဲ ပြန့်နှံ့သွားပြီးတော့ ကုမ္ပဏီပိုင်ရှင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကားတွေ၊ ဘတ်စ်တွေ၊ လေယာဉ်တွေ အထိမှာတောင် အဲ့ဒီလိုကြော်ငြာခြင်းမျိုး ပြုလုပ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးနဲ့ ဆွဲခြင်းဟာ ရေရှည်မခံဘဲ ပျက်ရာ ပဲ့ရာတွေတော့ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့်ပဲ ဗီနိုင်းတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် စတင်နိုင်ခဲ့ပြီး မော်ဒန်ကြော်ငြာလောကရဲ့ အရေးပါမှုတစ်ခုအဖြစ် အသက်သွင်းနိုင်ခဲ့ပါတယ်။

Read More...Customer နဲ့ Consumer ဘယ်လိုကွာလဲ?

 

ဗီနိုင်းတွေက တာရှည်ခံတယ်၊ ပြင်လွယ်ပြောင်းလွယ်တယ်။ ဒါပေမယ့်လည်း အခုလို အရည်အသွေး တိုးတက်လာမှုက ဈေးနှုန်းတန်ဖိုးကိုပါ မြင့်တက်လာစေခဲ့ပါတယ်။ ဒီအတွက်လည်း ကုမ္ပဏီကြီးတွေကပဲ ဗီနိုင်းနဲ့ ကြော်ငြာခြင်းကို အသုံးပြုနိုင်တာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါက ၁၉၈၀ ပြည့်နှစ်လောက်တွေအထိ သေးငယ်တဲ့ ကုမ္ပဏီတွေဟာ ဗီနိုင်းအသုံးပြုခြင်းနဲ့ အဲ့ဒီလိုအသုံးပြုခြင်း ကနေရလာတဲ့ အကျိုးကျေးဇူးတွေကို အသေအချာမရရှိသေးဘဲ ကျန်ရစ်ခဲ့ပါသေးတယ်။

 

ဒါပေမယ့် ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၁ ရာစု အစောပိုင်း ကာလတွေမှာတော့ နည်းပညာရဲ့အကျိုးကျေးဇူးတွေက ဗီနိုင်းတွေကို ဈေးနှုန်းတတ်နိုင်တဲ့ အနေအထားမျိုး အထိရောက်ရှိ လာစေခဲ့သလို ပိုပြီး ကြီးမားလာတာမျိုး ပိုပြီး အပြင်အဆင်က လှပပြီး သေသပ်လာတာမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အဲ့ဒီလိုပုံနှိပ်လုပ်ငန်းတွေကနေ အရည်အသွေးကြည်လင်ပြီး ပြတ်သားတဲ့ ပုံရိပ်တွေကို အကျယ် ၆ ပေကနေ ၁၅၀ လောက်အထိ ကြည်လင်ပြတ်သားစွာ ရိုက်ထုတ်လာနိုင်ပြီလည်းဖြစ်ပါတယ်။ ဒါဟာ ကြော်ငြာလောကမှာ သမိုင်းတစ်ခုစတင်ခြင်း ဖြစ်ပါတယ်။

 


Source; ATTMEDIA

Myanmar Advertising Directory