Digital Marketing

ရက်ရွှေ့ဆိုင်း မင်္ဂလာမောင်နှံတို့ကို ဘီယာ တစ်နှစ် အခမဲ့တိုက်မယ့် Busch Beer

Read 1590 times
ရက်ရွှေ့ဆိုင်း မင်္ဂလာမောင်နှံတို့ကို ဘီယာ တစ်နှစ် အခမဲ့တိုက်မယ့် Busch Beer

တစ်နှစ်ဘီယာအခမဲ့ဘီယာပေးမည်ဖြစ်ကြောင်း Busch Beer က ကြေညာချက်ထုတ်သည်။

ယင်းလုပ်ရပ်သည် ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာနည်းဗျူဟာ တစ်မျိုး ဖြစ်သည့်အပြင် မီဒီယာများတွင် သတင်းဖော်ပြခံရသဖြင့် အမြတ်ထွက်သည်မှာ သေချာသည်။

ဘီယာကို ဘယ်လိုတွေ တိုက်မှာတဲ့လဲ
=====
တွစ်တာတွင် Busch Beer က ထုတ်ပြန်ကြေညာသည်။

သင်တို့ရဲ မင်္ဂလာဆောင်ပွဲ အစီအစဉ်က အချိန်အတန်ကြာအထိ ရေခဲပေါ် တင်ထားသလို အေးတိအေးစက် ဖြစ်နေဦးမည်။ ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့စုံတွဲကို မင်္ဂလာလက်ဆောင် ပေးပါမယ်။ ရေခဲရိုက်ထားတဲ့ Busch ဘီယာ တစ်နှစ်စာ ဖြစ်ပါတယ်။
သင်တို့စုံတွဲပုံ ဓာတ်ပုံကို တင်ပြီး သင်တို့ ပွဲကျင်းပဖို့ ဘယ်လိုစီစဉ်တယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြပါ။ #BuschWeddingGift နဲ့ ဆုရဖို့အရေး အခွင့်သာစေဖို့ #Sweepstakes တို့နဲ့အတူ တင်ပါ

#Sweepstakes သည် အမေရိကန်ပြည်ထောင်စုနှင့်ကိုလံဘီယာခရိုင် (ဖလော်ရီဒါနှင့်နယူးယောက်မြို့သားများ မှလွဲ၍) တွင် တရားဝင်နေထိုင်သူများအတွက်သာ ဖြစ်ပြီး ပို့စ်တင်သူတို့သည် အသက် ၂၁ နှစ်နှင့်အထက်ရှိသူများ ဖြစ်ရမည်။

အရောင်းကြော်ငြာ အဆုံးသတ်ချိန် ၂၀၂၀၊ မေလ (၁) ရက်နေ့ည ၁၁ နာရီ ၅၉ မိနစ် မတိုင်ခင် #Sweepstakes ကို အပြီးအစီး တင်ပြီးသား ဖြစ်နေရမည်။


စုံတွဲများ အဘယ်သို့ပြုရမည်

hashtag များ၊ #BuschWeddingGift နှင့် #Sweepstakes ကို အသုံးပြု၍ စုံတွဲများသည် သူတို့ ရွှေ့ဆိုင်းလိုက်ရသည့် မင်္ဂလာပွဲအကြောင်းကို Facebook၊ Instagram သို့မဟုတ် Twitter တွင် တင်ကြရမည် ဖြစ်သည်။
ထိုသို့ တင်ကြသည့်သူများထဲတွင် Busch သည် သတ်မှတ်ချက်ပြည့်စုံသူများကို ရွေးချယ်မည်။ ထိုသို့ ရွေးချယ်ခံရသည့် စုံတွဲများထဲမှာ စုံတွဲ ၁၅၀ ကို မေလ ၂ ရက်တွင် ကံစမ်းကျပန်းစနစ်ဖြင့် ရွေးချယ်ပေးမည်။
မိမိကိုယ်တိုင်မှာ လက်ထပ်မည့်သူ မဟုတ်သော်လည်း အသိမိတ်ဆွေထဲတွင် မင်္ဂလာရက်မြတ် ရွှေ့ဆိုင်းလိုက်ရသူ ရှိပါကလည်း ယခုလို ပို့စ်တင်ပြီး ဝင်ပြိုင်နိုင်သည်။
လက်ထပ်ဖို့ စီစဉ်ထားသူများသည် အသက် ၂၁ နှစ်နှင့်အထက်ရှိသူများ ဖြစ်ရမည်။
#MyFriendsWedding နှင့် #Sweepstakes တို့ဖြင့် Facebook, Instagram သို့မဟုတ် Twitter ပေါ်တွင် မင်္ဂလာပွဲစီစဉ်ထားပုံအကြောင်း တင်ရမည် ဖြစ်သည်။

ဤသည်မှာ မာကက်တင်း ကြော်ငြာလှုပ်ရှားမှုတွင် ပါဝင်ခွင့် ရှိသူ ဦးရေ ပိုများသွားအောင် တိုးချဲ့လိုက်ခြင်း ဖြစ်သည်။

စုံတွဲများအတွက်“ Busch Weddings” လှူဒါန်းမှုဆုမှာ တစ်နှစ် (၁) နှစ်အတွက် Busch ဘီယာကို ဝယ်ယူရန် အနိုင်ရသူအား ဒေါ်လာ ၃၀၀ ကြိုတင်ငွေဖြည့်ကဒ်ပြား ပေးအပ်ထားမည် ဖြစ်သည်။

Busch ဘီယာ၏ မားကက်တင်း ဝက်ဘ်ဆိုက် အခင်းအကျင်းများနှင့် စည်းမျဉ်းစည်းကမ်းများကို အောက်ပါလင့်တွင် သွားရောက်လေ့လာနိုင်ပါသည်။

https://www.busch.com/wedding-rules.html

 


Coronavirus ကူးစက်ရောဂါကြောင့်မင်္ဂလာပွဲအစီအစဉ်များကိုရွှေ့ဆိုင်းခဲ့သောစုံတွဲများအားတစ်နှစ်ဘီယာအခမဲ့ဘီယာပေးမည်ဖြစ်ကြောင်း Busch Beer က ကြေညာချက်ထုတ်သည်။

=====









