Local

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း ယခုလအတွင်း ဖွင့်မည်

Read 1481 times
SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း ယခုလအတွင်း ဖွင့်မည်

အဆိုပါသင်တန်းကို စက်မှုဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ရာတွင် အဓိက သိရှိရမည့် အချက်များကို အချိန်တိုအတွင်း သိရှိနားလည်ပြီး မိမိလုပ်ငန်း တိုးတက်ရန် စီးပွားရေးပုံစံတစ်ခုကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

နိုင်ငံတကာ အသုံးပြုနေသည့် Active Learning Style နှင့် လုပ်ငန်းအတွက် လက်တွေ့ အသုံးချနိုင်မည့် အရေးပါသော Business Model ပုံစံတစ်ခု ဖြစ်လာစေရန် သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသား ၃၅ ဦး လက်ခံသင်ကြားသွားမည် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းငယ်များကို လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြံဥာဏ်များ အခမဲ့ ပေးမည်

သင်ကြားမည့် ဆရာမများမှာ ဒေါ်မေသူကျော်နှင့် ဒေါ်မူမူအေးတို့ ဖြစ်ပြီး သင်တန်းတွင် မိမိ Customer တွေက ဘယ်သူတွေ ဖြစ်မလဲ၊ သူတို့ ၀ယ်ယူလာအောင် ဘာတွေ လုပ်ရမလဲ၊ ဘယ်လို ရောင်းချမလဲ စတဲ့ အခြေခံအချက်တွေ အပါအ၀င် SME ချေးငွေ လျှောက်ထားရာတွင် လိုအပ်သည်များ၊ SME လုပ်ငန်းများကို အထောင်အပံ့ပေးနေတဲ့ ၀န်ဆောင်မှုများနှင့် ၀င်ငွေရနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းတိုးတက်ရေးအတွက် နည်းဗျူဟာများ စသည်တို့ကို သင်ကြားပေးမည် ဖြစ်သည်။

မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်ရှိ SME ဌာနတွင် သင်တန်းပို့ချပေးမည် ဖြစ်ပြီး သင်တန်းချိန်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက သို့မဟုတ် သင်တန်းတက်ရောက်လိုပါက ဖုန်းနံပါတ် ၀၉ ၄၃၁၀၈၄၀၂၊ ၀၉ ၇၉၈၄၇၃၄၇၂၊ ၀၉ ၇၉၅၉၅၆၈၁၄၊ ၀၉ ၃၁၅၇၉၆၇၉ နဲ့ ၀၉ ၄၂၁၀၇၂၅၉၈ တို့ကို ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။

 

Su Mon Oo
Source: SME Development Department

Myanmar Advertising Directory