ရွာသားများလည်းမျောက်ပေါသည့်နယ်ဖြစ် သဖြင့်တောထဲသွားပြီး မျောက်ဖမ်းကြတော့တာပေါ့။
ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်ပါတယ်။
မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ဘူး။
နောက် အဲ့ဒီလူက မျောက်တစ်ကောင် ၁၀,၀၀၀ နဲ့ ဝယ်မယ်လို့ ထပ်ကြေငြာလိုက်တယ်။
ရွာသားတွေကလည်း မျောက်တွေ ကို ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်တယ်။
မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားတွေက လက်လျှော့လိုက်ကြတယ်။
ထိုလူလည်း ဆက်ဝယ်မယ်လို့ ပြောတယ်ဗျ။
ဈေးက တစ်ကောင် ၁၅,၀၀၀ ပေးပေါ့။ မျောက်တွေ ဖမ်းလွန်းလို့ ရှားသွားလိုက်တာမှ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားပါရောဗျာ။
နောက်ဆုံး ထိုလူ ထပ်ကြေငြာတယ်။
မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။
သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။
ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောတယ်။
"ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ ကျွန်တော် ဂွင်တစ်ခုပေးမယ်။
ကျွန်တော့် ဆရာဝယ်ထားတဲ့ မျောက်တွေ တွေ့တယ်မဟုတ်လား။
ကျွန်တော် ခင်ဗျားတို့ကို တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။
ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။
၂၀,၀၀၀ တောင်မှမြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။"
ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာမျောက်တစ်ကောင်တောင် မကျန်ချေ။
ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ "ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်တွေနဲ့ပဲ ပြည်နေရောဗျာ။"
ဒီပုံပြင်လေးကနေ Admin သင်ခန်းစာတစ်ခုရလိုက်တယ်ဗျ။ ဘာရလိုက်လဲ ဆိုတော့ ...
“လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။
သတိသာ ထားဖို့ပြင်ပေတော့ ။
ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။”
Recommended for you-သင့်လုပ်ငန်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်လား?
Credit ; ပြည်မြန်မာ