ဒ့ါအပြင် သင့်ဘ၀ကို ပြောင်းလဲပေးနိုင်သော အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Business Changing ကိုဘယ်လိုအဆင့်ဆင့်လုပ်သွားသင့်လည်းဆိုတာဖော်ပြပေးပါရစေ။
၁။ အမှန်တကယ် Business Change ဖိုလိုအပ်နေပြီလား။
Business Changing မလုပ်မိသေချာ စဉ်းစားရမည်အချက်တစ်ခုပဲဖြစ်ပါတယ်။ အမှန်တကယ် ပြောင်းလဲဖို့ လိုသလားဆိုတာ သိဖို့လိုအပ်ပါတယ်။ လက်ရှိသွားနေတဲ့ Business လမ်းကြောင်းပေါ်ကနေ နောက်လမ်းကြောင်းပေါ်တတ်ဖို့ အမှန်တကယ်ကိုယ့်အတွက်လိုအပ်နေသလားဆိုတာ သိဖို့လိုအပ်ပါတယ်။ မလိုအပ်ပဲပြောင်းလဲခြင်းသည် သင်ရဲ့ အချိန်၊ငွေ ကို အလကားသက်သက်ကုန်စေပါတယ်။
၂။ အကဲဖြတ်ရပါမည်။
သင့်အသက်မွေးဝမ်းကျောင်းပြောင်းလဲဖို့အတွက်ဖြစ်သောကြောင့် အဓိက က သင်ကိုယ်တိုင်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကိုယ်တိုင်စမ်းသပ်မှုများပြုလုပ်ပြီး သင့်ရဲ့တန်ဖိုး၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး နှင့် အကျိုးစီးပွားတို့ကို အကဲဖြတ်ဖို့လိုအပ်ပါလိမ့်မည်။ သင့်အကြံသင့်အမြင်ဖြင့် သတ်မှတ်လိုရသလို ဘေးလူအမြင်ဖြင့်လည်း အကဲခတ်လေ့လာလို့ရပါတယ်။ ဒါပေမယ့် သင့်အကြောင်း သင်အသိဆုံးဖြစ်မှာပါ။
၃။ ဖြစ်နိုင်မဖြစ်နိုင် လေ့လာရမည်။
သင်ကိုယ်တိုင် အကဲဖြတ်ထားသော၊ သင်ရွေးချယ်ထားသော အသက်မွေးဝမ်းကြောင်းကို တကယ်လက်တွေ့မှာ သင် Business တိုးတတ်ဖို့အတွက် ဖြစ်နိုင်မဖြစ်နိုင်ကို လေ့လာသုံးသပ်ရမည်ဖြစ်ပါတယ်။ သင်ရွေးချယ်ထားသော တကယ်လက်တွေ့ဘ၀မှာကော အောင်မြင်နေသော အောင်နိုင်ချေရှိသော အလုပ်အကိုင်ဟုတ်မဟုတ်ကို ပတ်ဝန်းကျင်၊ ထိုအလုပ်အကိုင်နည်းပယ်ကို ခြေမချခင် အသေးစိတ်လေ့လာဖို့လိုအပ်ပါတယ်။ Business လမ်းကြောင်း တဆင့်ထက်တဆင့် တတ်နိုင်မလားဆိုတာလည်း ထည့်သွင်းလေ့လာရမည်ဖြစ်ပါတယ်။
၎။ ဒုတိယအကြိမ် အကဲဖြတ်ခြင်း။
သင်ရွေးချယ်လိုက်သော အလုပ်အကိုင်သည် သင်ဘာကြောင့် ရွေးချယ်လိုက်သလည်းဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ ၀ါသနာကြောင့်လား၊ ငွေရေးကြေးရေးကြောင့်လား ဆိုတာ သိရပါမည်။ ဒါ့အပြင် တကယ်ကော လုပ်ချင်တာမှန်ရဲ့လားဆိုတာကို သေချာဆုံးဖြတ် အကဲခတ်ရပါမည်။
၅။ လေ့လာဖို့ စာရင်းပြုစုပါ။
သင်ရွေးချယ်ထားသော အလုပ်အကိုင်သည် သင်နှင့်လည်းအဆင်ပြေ အောင်မြင်နိုင်ကြောင်းလေ့လာတွေ့ရှိသည်ဆိုရင်တော့ဖြင့် ပညာရေးနှင့် အခြားလိုအပ်ချက်များကို စုဆောင်းဖို့လိုအပ်ပါမည်။ ဒီအတွက် စာရင်းပြုစုပါ။
၆။ ရည်မှန်းချက် Plan ချမှတ်ပါ။
ရွေးချယ်ထားသော အလုပ်အကိုင်အတွက် အဓိက ရည်မှန်းချက် Plan ရှိဖို့ လိုအပ်ပါလိုက်မည်။ သင်သည် ထို အသက်မွေးဝမ်းကျောင်းအတွက် လေ့လာနေသော အချိန်ဘယ်အထိလည်းဆိုတာမျိုး ဒါအပြင် ဘယ်အသက်အရွယ်မှာ ဘယ်အဆင့်ထိတတ်မြှောက်ရမည်ဆိုတာမျိုးတို့ကို သင်အောင်မြင်မူကို လုံးဝအထောက်အကူပြုမှာဖြစ်ပါတယ်။ ပန်းတိုင်ရှိသော အတူတူသွားနေသူများထက် အဆပေါင်းများစွာသာပါတယ်။
၇။ Action Plan ပြုလုပ်ပါ။
ရည်မှန်းချက် (Goal) ချမှတ်ပြီးပြီးဆိုရင်တော့ဖြင့် Action Plan ချမှတ်ဖိုလိုအပ်ပါလိမ့်မည်။ ထိုအသက်မွေးဝမ်းကျောင်းကို ဘယ်လိုပုံစံမျိုးနှင့် သွားမလည်းဆိုတာမျိုးပေါ့။ ဘယ်လိုနေရာမျိုးမှာ လေ့လာမလည်း၊ လုပ်ကိုင်မလည်းရှိတာတွေပါ။ Action Plan ကတော့ နည်းလမ်းကျကျ နှင့် သင့်ရဲ့ ရည်မှန်းချက်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
၈။ New Business အတွက်စတင် လေ့ကျင်ပါ။
သင်သည် အသက်မွေးလမ်းကျောင်းပြောင်းလဲတာသေချာပြီးဆိုရင်တော့ စိတ်ရောကိုယ်ပါ မိမိရွေးချယ်ထားသော လမ်းကြောင်းပေါ်မြုပ်နှံထားဖိုလိုအပ်ပါမည်။ သင်မှာရှိပြီးသော Skill များနှင့် မရှိသေးသော Skill များပေါင်းစပ်လျက် အကောင်းဆုံးသော ကျွမ်းကျင်မှုကို ရရှိမှာဖြစ်ပါတယ်။
၉။ Business အဟောင်းကို စွန့်လွတ်ပါ။
အရင်လုပ်ခဲ့သော အလုပ်အကိုင်ကို စွန့်လွတ်ဖို့တော့လိုအပ်ပါမည်။ ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံတွေကို သိမ်းကျုံးပြီး Business အသစ်အတွက်စိတ်ထည့်တာက အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ ဟိုဘက်လွှတ် ဒီဘက်လွှတ်သော အခြေအနေမဖြစ်အောင်ဖြစ်ပါတယ်။
သို့သော် “ပျော်ရမှာ မနေရ တော်ရမှာ နေရ” ဆိုသည့်အတိုင်း သင်ဝါသနာပါရထက် သင်နှင့်သင့်တော်သည့် အသက်မွေးဝမ်းကျောင်းကို ရွေးခြင်းသည် ပိုမိုကောင်းမွန်မည်ဟုထင်မြင်မိပါတယ်။ ၀ါသနာလည်း သင့်လည်းသင့်တော်ဆိုရင်တော အကောင်းဆုံးတော့ ရွေးချယ်မှုပါ။ ထိုအရာသည် သင်အပေါ်တွင်မူတည်ပါတယ်။....
Recommended for u- ဘဝအတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ
Source:social media