Local

Mobile Legend ထဲက စိန်တွေကို KFC စား Coke သောက်ရင်းရတော့မည်

Read 5947 times
Mobile Legend ထဲက စိန်တွေကို KFC စား Coke သောက်ရင်းရတော့မည်

 

KFC ရဲ့ ယခု ပရိုမိုးရှင်းက Gen Z နဲ့ Gen Y တို့ကို အဓိကထားတာပဲဖြစ်မှာပါ။လက်ရှိမှာ အသက် ၁၀ နှစ်ကနေ အသက် ၃၀ ကျော်လောက်ရှိ လူအများဟာ Role ကွဲပြားခြားနားစွာ Mobile Legend ကို ဆော့ကစားကြပါတယ်။

 

KFC မှာ ဝယ်သမျှ ဘောင်ချာတိုင်းCoke ပါတာနဲ့ တစ်ခါဝယ် တစ်ခါခဲခြစ်ကံစမ်းမဲပါမှာဖြစ်ပြီးMobile Legend ထဲက Diamonds တွေ ရဖ်ို့ Diamonds Code တွေ ကို KFC က ပေးမှာဖြစ်ပါတယ်။

 

စိန်တုံးတွေ အပြင် ကြက်ကြော်တွေနဲ့ ကိုလာတွေပါ မဲ အစီအစဉ်ထဲပါတာမို့ ကြက်ကြော်စားရင်း Hero ဝယ်ပြီးဂိမ်းဆော့လို့ရနေမှာပါ။အဆိုပါ အစီအစဉ်ကို ၂၀၂၀ ခုနှစ် ၁၅ ရက် ဒီဇင်ဘာကနေ ၃၁ရက် ဒီဇင်ဘာထိCoke ပါတဲ့ ဘောင်ချာအစောင်တိုင်းတစ်စောင်ဝယ် တစ်ခါခဲခြစ်ခွင့်ရမှာပါ။

 

ဒါ့ထက် ခဲခြစ်ကတ်တွေကို Promotion Set ဝယ်ရင်တော့ မရဘူးဆိုပေမယ့် Coke ကို ထက်ဝယ်မယ်ဆိုရင်တော့ ရမှာပါ။KFC နှင့် Coke ရဲ့ပူးပေါင်းလုပ်ဆောင်တဲ့ ပရိုမိုးရှင်းဖြစ်ပြီး အဆိုပါ Promotion သည်လည်း KFC ရဲ့ ဆိုရှယ်မီဒီယာ Page အလား ၀ုန်း၀ုန်းတောက်တော့မှာ အသေအခြာပင်ဖြစ်ပါတော့သည်။

 

#KFCMyanmar
#MobileLegendDiamond
#BuyCocaColaAndGetDiamonds
#KFCxCocaCola