Global

ByteDance မှ ၂၀၂၀ ခုနှစ်တွင် ကြော်ငြာ မှ အမြတ်ငွေ ၂၇ သန်း ရရှိရန်ဆောင်ရွက်

Read 1456 times
ByteDance မှ ၂၀၂၀ ခုနှစ်တွင် ကြော်ငြာ မှ အမြတ်ငွေ ၂၇ သန်း ရရှိရန်ဆောင်ရွက်

 

Douyin ခေါ်တရုတ် ဗားရှင်း Tiktok ဟာ ၆၀ ရာခိုင်နှုန်းအမြတ်ငွေရရှိထားပြီး ၊ သတင်းပလက်ဖောင်းဖြစ်တဲ့ Jinri Toutiao မှ ၂၀ ရာခိုင်နှုန်းရရှိထားကာ ဗီဒီယို ပလက်ဖောင်းဖြစ်တဲ့ Xigua မှ ၃ ရာခိုင်နှုန်းရရှိထားတယ်သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ပထမ အစပိုင်းမှာဆိုရင် ByteDance အနေနဲ့ အမေရိကန်ဒေါ်လာ ၇.၆ သန်းရရှိထားပြီး ထိုငွေကြေးရရှိငွေဟာ တိုင်းပြည်တစ်ခုလုံးရဲ့ ၂၃ ရာခိုင်နှုန်း ဒီဂျစ်တယ်ကြော်ငြာ သုံးစွဲမှုနဲ့ ညီမျှပါတယ်။ByteDance ဟာ တရုတ်ပြည်မှာ အမေရိကန်ဒေါ်လာ ၁၀.၉ သန်းရရှိထားတဲ့ Alibaba လုပ်ငန်းစုပြီးရင် ဒီဂျစ်တယ်ကြော်ငြာ အများဆုံးအဖြစ် ဒုတိယနေရာက မှတ်တမ်းတင်ထားပါတယ်။

 

ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောကြားချက်အရ အဆိုပါနည်းပညာ လုပ်ငန်းစုကြီးက နောင်လာမည့် ၂၀၂၁ ခုနှစ်ထဲမှာ စီးပွားရေး လုပ်ငန်း ၃ ခုဆို ရင်းနှီးမြုပ်နှံဖို့ပြင်ဆင်နေတာဖြစ်ပြီး လုပ်ငန်းများမှာ - ecommerce , search နဲ့ ဗီဒီယို အရှည်များကို ရင်းနှီးမြုပ်နှံမယ်သိရပါတယ်။

 

ByteDance အနေနဲ့ ecommerce ပလက်ဖောင်းလုပ်ဆောင်ပြီး ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၂၂.၇ သန်း မျှော်မှန်းထားပြီး Toutiao ဆိုတဲ့ Search လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လကစတင်လုပ်ဆောင်ခဲ့ပါတယ် အခုဆို မားကတ်မှာအတော်လေး နေရာ ရနေပါပြီ။သည့်အပြင် ByteDance အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ သန်းကို Xigua ဆီမှာ မြုပ်နှံချင်ပြီး နေ့စဉ်ပုံမှန်အသုံးပြု သန်း ၁၀၀ ကျော်ခန့် အသုံးပြုစေရန်မှန်းထားတယ်သိရပါတယ်။

 

ယခု ၂၀၂၀ နိုဝင်ဘာလ အစတွင် ByteDance မှ အမေရိကန် ဒေါ်လာ ၂ သန်းထပ်တိုးမြတ်ထားပြီး ထိုငွေသည် အမေရိကန်ဒေါ်လာ ၁၈၀ သန်းအပြင်ထပ်လောင်းရရှိထားတာဖြစ်ပါတယ်။ငွေကြေးနှုန်းထားများသည် တရုတ် ယွမ် မှ အမေရိကန်ဒေါ်လာကို တွက်ချက်ရေးသားထာတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ( မြန်မာငွေ ၁၃၀၀ ကျပ် ) ကို တရုတ် ယွမ် ၆ . ၆၂ ယွမ်ပါ။

 

Source : Techinasiaechinasia

 

Myanmar Advertising Guide