ကျွန်တော်ကိုယ်တိုင်လည်း ဆော့ကြည့်ပါတယ် …
ဆော့ကြည့်ပြီးတော့ ထုံးစံအတိုင်း လူငယ် တွေအတွက် အဲဒီအထဲက ဘာဆွဲထုတ်ရမလဲ စဉ်းစားကြည့်ပါတယ် … ။
C.O.C ဂိမ်း ဟာ Strategy ဂိမ်းအမျိုးအစားတစ်ခုပါ …
ကိုယ်ပိုင်ဆိုင်ထားတဲ့ Town Hall Level နဲ့ သင့်တော်တဲ့ Defense နဲ့ Troop တွေကို ပေးထားပါတယ် …
တကယ်လို့ Defense တွေ Troop တွေကို တင်ချင်တယ်ဆိုရင် Town Hall Level ကို ထပ်တင်ဖို့ လိုပါတယ်။
ထို့အတူ ကျွန်တော်တို့ ဘဝမှာလည်း ကိုယ့်အသက်အရွယ် နဲ့ ရှိသင့် တဲ့ အသိပညာ ဗဟုသုတ၊ အတတ်ပညာ အရည်အချင်းတွေ ရှိဖို့လိုပါတယ် … ။
C.O.C ဂိမ်း မှာ ကိုယ်က တိုက်တော့မယ် ဆိုရင် ကိုယ့်ပြိုင်ဘက်ကို ရွေးတဲ့အခါ trophy, gold, elixir စသည်ဖြင့် ကိုယ်ဘာလိုချင်တာလဲဆိုတာကို ရွေးကြပါတယ် …
ပြီးတော့ သူမှာရှိတဲ့ Defense ကိုကြည့်ပြီး ကိုယ့်မှာ ပါလာတဲ့ Troop နဲ့ နှိုင်းယှဉ်ပြီးတော့မှ တိုက်ဖို့ ဆုံးဖြတ်ပါတယ် ..
ဒါ့အပြင် Troop ကို စထုတ်တဲ့ အချိန်မှာလည်း Giant, Barbarian, archer, wall breaker, dragon စသည်ဖြင့် ဘယ်သူ့ကို စထုတ်မလဲ …
ကိုယ်တိုက်မယ့် စခန်းရဲ့ Defense အခြေအနေအရ ဘယ်နေရက စဝင်မလဲဆိုတာတွေကို သေသေချာချာ ဆုံးဖြတ်ရပါတယ် .. ။
ထို့အတူ ဘဝအတွက် အလုပ်လုပ်တဲ့အခါ C.O.C ဂိမ်းတိုက်မယ့် အချိန်မှာ ဘာကိုအဓိက လိုချင်လဲ ရွေးသလိုမျိုး
ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် ဦးစားပေးသတ်မှတ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လိုပါတယ်၊
ပြီးတော့ ဘဝမှာ ယှဉ်ပြိုင်မှုတွေ .. အခက်အခဲတွေ ကြုံလာတဲ့အခါ C.O.C ဂိမ်းထဲမှာ ပြိုင်ဘက်ရဲ့ Defense နဲ့
ကိုယ့်ရဲ့ Troop တွေကို နှိုင်းယှဉ်သလိုမျိုး ပြိုင်ဘက်ရဲ့ အားနည်းချက်၊ အားသာချက်၊ ကိုယ့်မှာရှိတဲ့စွမ်းရည် တွေကို သေသေချချာ သုံးသပ်ပြီး
Troop တွေထုတ်တဲ့အခါ ပြိုင်ဘက်ကို ကြည့်ပြီး အမျိုးအစား၊ နေရာရွေးသလိုမျိုး ကိုယ့်ပြိုင်ဘက်ရဲ့ ဘယ်အချက်နဲ့ ကိုယ့်ရဲ့ ဘယ်အားသာချက်ကို
အစီစဉ်အလိုက် အသုံးချရမလဲ ဆိုတာကို သုံးသပ်ပြီး ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုပါတယ် … ။
ဒီလိုနဲ့ C.O.C ဂိမ်း မှာ Town Hall Level 6 လောက်ရောက်လာရင် Clan ထဲကို ဝင်ကြပါတယ် … ။
Clan ကို မဝင်ခင် Donation ဘယ်လောက်ရှိလဲ War Win ဘယ်လောက်ရှိလဲ ဆိုတာကို ကြည့်ရပြန်ပါတယ် … ။
ထို့အတူပဲ ကိုယ်က အရည်အချင်း အတိုင်းအတာ တစ်ခုအထိ ပြည့်စုံလာလို့ အလုပ်ဝင်မယ့် အချိန်မှာ ကိုယ်လုပ်မယ့် ကုမ္ပဏီက ကိုယ့်အတွက် ဘယ်လောက် အဆင်ပြမလဲ?
သူ့ရဲ့ အဆင့်အတန်းက ဘယ်လောက်လဲ စတာတွေကို သေသေချာချာ လေ့လာဖို့ လိုပါတယ် … ။
ဒီလိုနဲ့ Clan War တိုက်ကြမယ့် အချိန်မှာ မတိုက်ခင်ကတည်းက ပြိုင်ဘက် Clan ထဲက Village တွေကို လေ့လာရပြန်ပါတယ်။
ပြီးတော့ ကိုယ်နိုင်လောက်တဲ့ Village ကို အချိန်မီ ဝင်တိုက်နိုင်ဖို့ လိုပါတယ်။
လူ့လောကကြီးမှာ အဲဒီလိုမျိုး လုပ်ငန်းကိစ္စတစ်ခုကို ကြိုတင် သုံးသပ် ဆုံးဖြတ်ပြီး အချိန်နဲ့ တပြေးညီ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။
Clan War တိုက်တဲ့ အချိန်မှာ War Win အတွက် 3 Stars ရအောင် ယူမလား …
ကိုယ့်အတွက် Bonus ရရင်ပြီးရော 1 Star ဖြစ်ဖြစ် 2 Stars ဖြစ်ဖြစ် တိုက်မလား၊
ဒါကို War ရဲ့ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ရပါတယ်၊
ထို့အတူ လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက် ကြတဲ့အခါ Clan War မှာ 3 Stars ရအောင် တိုက်သလိုမျိုး အများအတွက် ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်လေးထား တတ်ဖို့လိုပါတယ် …. ။
Clan War စတော့မယ် ဒါမဟုတ် Attack လုပ်တော့မယ်ဆိုရင် Clan ထဲမှာ အပြန်အလှန် အကူအညီတောင်းပြီး Donate လုပ်ပေးကြပါတယ်၊
အပြင်လောကမှာလည်း လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်မှာ အဲဒီလို အပြန်အလှန် ကူညီပေးကြဖို့ လိုအပ်ပါတယ်၊
နောက်တစ်ခုက Clan Leader က ကိုယ့်ကို Dragon ကို Donate လုပ်ပေးချင်ရင်တောင်မှ ကိုယ့်ရဲ့ Clan Level က DG ကို လက်ခံနိုင်တဲ့ Level ဖြစ်ဖို့လိုပါတယ်။
ထို့အတူ ကိုယ့်ကို လုပ်ငန်းခွင်မှာ၊ ပတ်ဝန်းကျင်မှာ အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာ တစ်ခုခု မျှဝေပေးမယ် ဆိုရင် ကိုယ်က သူပေးတာကို လက်ခံနိုင်တဲ့ အနေအထား ရှိဖို့လိုပါတယ်။
Clan ထဲမှာ ကိုယ်က ပုံစံမကျရင် Kick Out လုပ်ခံရတာမျိုး ရှိတတ်သလို Clan က Donate အဆင်မပြေတာပဲ ဖြစ်ဖြစ်၊
ကိုယ်က အကောင်းဆုံးတိုက်ပေးမယ့် အခြားသူတွေက အဆင်မပြေလို့ War Win မရတာများလာရင်လည်း Clan က ထွက်တတ်ကြပါတယ်။
ထို့အတူ လုပ်ငန်းခွင်မှာ ကိုယ်က စွမ်းဆောင်ရည် နည်းပါးရင် နောက်ကျန်နေခဲ့နိုင်သလို …
ကိုယ့်အတွက် အဆင်မပြေတဲ့ လုပ်ငန်းခွင်ဆိုရင်လည်း အချိန်မီထွက် လာနိုင်ဖို့ လိုပါတယ် ။
C.O.C ဂိမ်းဆော့တဲ့အခါ ကိုယ့်ရဲ့ Village မှာ Town Hall Level နဲ့ အညီ Defense တွေလည်း မြှင့်ရသလို Troop တွေ စုံလင်အောင် Barrack တွေကိုလည်း မြှင့်ပေးရပါတယ် …
ဒါတင်မက တည်ဆောက်ရေး လုပ်ငန်းတွေအတွက်၊ Troop တွေထုတ်ဖို့အတွက် လိုအပ်တဲ့ Gold, Elixir, Dark Elixir တွေ ထုပ်ပေးတဲ့ Collector တွေကိုလည်း မြှင့်ပေးရပါတယ်။
လူ့လောကမှာလည်း ကိုယ့်အသက်အရွယ်နဲ့ လိုက်ရောညီထွေဖြစ်တဲ့ အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာ၊ ငွေကြေးစတာတွေကို မြှင့်တင်နိုင်အောင် ကြိုးစားကြရပါမယ် … ။
Troop တွေကိုလည်း Lab ထဲမှာ Level တွေမြှင့်ပေးနေသလို ကိုယ့်ရဲ့ အရည်အသွေးတွေ အရည်အချင်းတွေကိုလည်း upgrade လုပ်နေဖို့ လိုပါတယ်။
နောက်တစ်ခုက Village ကို Torch, Cornflower Bed, Sunflower Bed, Weather Vane, Flag စတာတွေနဲ့ Decoration လုပ်လေ့ရှိကြပါတယ် …
အဲဒီလို အလှဆင်တာမျိုးက ကိုယ့်က အတိုင်းအတာ တစ်ခုအထိ ပြည့်စုံပြီး ပိုလျှံမှ လုပ်သလိုမျိုး ဘဝမှာလည်း
တကယ်လိုအပ်တဲ့ အရာတွေ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံမှ လိုချင်တာတွေ ကို ဝယ်သင့်လုပ်သင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် အချိန်ရတိုင်း ဖုန်းလေးပွတ်ပြီး C.O.C ဂိမ်းထဲက ကိုယ့်ရဲ့ Village ကို အရိပ်တကြည့်တကြည့်နဲ့ ဂရုစိုက်သလိုသာ
ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ ဘဝကို ဂရုစိုက်နေကြမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို သေချာပေါက် ရောက်ရှိနိုင်ကြပါလိမ့်မယ် … ။
ဆပွားပြီး အတွေးချဲ့နိုင်ပါတယ် …
Recommended for you-ကိုယ်ဖြစ်ချင်တဲ့ ခေါင်းဆောင်ပုံစံ ကိုယ်တိုင်ရွေးချယ်ပါ!
Credit; အောင်ကိုဦး(UMK)