ဗြိတိန်ရဲ့ အသက်ကြီးဆုံး Podcast မှ ဟောပြောဆရာကြီး Captain Sir Tom Moore ကို မေးမြန်းသူအဖြစ်တာဝန်ယူတင်ဆက်ခိုင်းမှာဖြစ်ပြီး Cadbury နဲ့ Age UK တို့မှ ပူးပေါင်းပြီး ပြုလုပ်တဲ့ Campaign ဖြစ်သော Donate Your Words မှာ လူကြီးသူမများကို ကလေးများ စိတ်ဝင်စားဖွယ် ပြောဆိုခိုင်းမှာပါ။
Captain Tom ရဲ့ ထုတ်လွှင့်တင်ဆက်မှုတွေဟာ တစ်တိုင်းပြည်လုံးကို စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ဖြစ်စေတော့မယ်သိရပါတယ်။ Captain Tom ရဲ့ အစီအစဉ်အရ သူဟာ အဆိုပါ Campaign မှာ ရာသီဥတု ဘယ်လိုနေလဲ ၊ လမ်းလျှောက် ရတာ အဆင်ပြေရဲ့လား အစ ရှိသဖြင့် အလာပ သလာပ မေးခွန်းတွေမေးမြန်းမှာ မဟုတ်ပါဘူး။
၁၉၇၀ ခုနှစ်များဆီက သက်ကြီး ပုဂ္ဂိ ုလ်များ ဘ၀ကို ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာကို မေးမြန်းမှာပါ ။ ထို့အပြင်သူတို့ အနေနဲ့ မြေးမြစ်များကို လက်ဆင့် ကမ်းချင်တဲ့ စကားလုံးများကို အဆိုပါအစီအစဉ်မှာ မေးမြန်းမယ်သိရပါတယ်။ထို အစီအစဉ်မှာ မမျှော်မှန်းထားတဲ့ ဇာတ်ကွက်တွေနဲ့ အတွေ့ အကြုံ အသစ်တွေကို ကြားသိရမှာပါ။
ထို Campaign လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီနှစ်မှ ပြသနာ တစ်ရပ် အဖြစ်ပေါ်လာတဲ့ အသက်ကြီးသူများကြားဖြစ်ပေါ်နေတဲ့ အထီးကျန်မှုများကို ပပျောက်စေမှာဖြစ်ပြီး ဒီအရာ ဟာ ဗြိတိန် နိင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။
ထို Campaign လေးမှာ တစ်မျိုးသာလုံးကို လှုံဆော်တဲ့ အရာဖြစ်ပြီး ကလေး ၊ လူငယ် များအား သင့်ရဲ့ စကားတွေကို လှူဒါန်းပါ အသက်အရွယ်ကြီး ရင့်သူ အဖိုး၊ အဖွားများ နဲ့ အချိန်ပေး စကားပြော ၊ နားထောင်ပေးပါ ဆိုကာ '' Donate Your Words '' အမည်ရှိ ကလေးများ လိမ္မာရေးခြားရှိစေရန်ရည်ရွယ် ထားတဲ့ Campaign ဖြစ်ပါသည်။
Ref : The Drum