Marketing

ကြော်ငြာ အတွက်သိထားသင့်သည့်အချက်များနှင့် ကြော်ငြာ Campaign အကြောင်း

Read 1594 times
ကြော်ငြာ အတွက်သိထားသင့်သည့်အချက်များနှင့် ကြော်ငြာ Campaign အကြောင်း

(၁) ဘယ်လိုကြော်ငြာချင်တာလဲ
ကြော်ငြာနည်း များစွာရှိတယ် ရေဒီယိုနဲ့ ကြော်ငြာ , တီဗီကြော်ငြာ , Billboard , sms ကြော်ငြာ , ကြော်ငြာစာရွက်ဝေခြင်း , Digital Marketing အရ ကြော်ငြာမှာလား သိရှိထားရပါမယ်။

 

(၂) ဘယ်သူ့တွေဆီကိုသင့် ကြော်ငြာကိုရောက်စေချင်တာလဲ
လူငယ်တွေ အတွက်ဆို လူငယ်များစိတ်ဝင်စားလောက်မဲ့ ဒီဇိုင်း အရောင်ဆိုလဲ တောက်တောက်လေးများဖြင့်ကြော်ငြာ သင့်သလို , လူကြီးတွေဆိုလဲ လူကြီးကြိုက်သီးသန့် ပြင်ဆင်ရပါတယ်။

 

(၃) သင်ကြော်ငြာမဲ့ Brand ရဲ့ အားသာချက်ကိုသိရှိနားလည်နေပါစေ
ဥပမာ သင်ကြော်ငြာတဲ့ Brand က Mc' Donald ဆိုပါတော့ Mc' Donald ရဲ့ အားသာချက်သည် နေရာတိုင်းမှာသူ့ရဲ့ ဆိုင်ခွဲတွေရှိနေတာ ထိုအခြင်းအရာကိုဆိုလိုပါသည်။

 

(၄) အကြိုက်လိုက်ပါ
သင့် Brand ရဲ့ပရီသတ်က လူငယ်ဆိုပါတော့ လူငယ်အသားပေး အရာရာကို စဉ်းစားပေးပါ

 

(၅)မုသားမပါလင်္ကာမချော
အနည်းငယ်တော့ လိမ်ညာ ပရိယာယ် သုံးဖို့ လိုပါတယ် ကြော်ငြာဆိုတဲ့ ထုံးစံက ထိုကဲ့ သို့လိမ်မှသာလျင် ကိုယ့် Brand ကိုလူတွေ အာရုံစိုက်မှာမို့ပါ။

 

၁၉၅၀ ခုနှစ် မတိုင်ခင်တုန်းကဆိုဆေးလိပ် ကြော်ငြာတိုင်း ဆေးလိပ်ဟာ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုကာ ကြော်ငြာဖူးပါတယ်။Advertising campaign ဆိုတာ အလွယ်ပြောရရင် ကြော်ငြာတစ်ခုကိုမှကိုရီးယားဇာတ်ကားတွေလို အဆက်နဲ့ ကြော်ငြာခြင်းကိုဆိုလိုပါသည်။

 

ဥပမာအားဖြင့်သင့် အနေနဲ့ ကြော်ငြာ campaign တစ်ခုကို စတင် လုပ်ဆောင်ပြီဆိုပါတော့ Theme ကတော့ တစ်ခုထဲဖြစ်ရင်ဖြစ်မယ် (သို့) Theme အများအပြားပါဝင်နေမယ်

 


မည်သို့ပင်ဆိုစေကာမူ ဆက်ရန်လေးတွေကိုပရိသတ်က ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရူ့နေကြမှာပါ။ကြော်ငြာ campaign တစ်ခုမှာတကယ်လိုအပ်တာက သင့်ရဲ့တီထွင်ဖန်တီးနိုင်မှုနဲ့ ဆန်းသစ် နိုင်ဖို့ပါပဲ။

 


အရေးအကြီးဆုံးအချက်က သင်ဟာ series ဒါရိုက်တာ တစ်ယောက်လိုပဲဖြစ်သွားပြီမို့ အဖြတ် ၊ အဆက် နေရာ မှန်နေဖို့နဲ့ လူအများစိတ်ဝင်စားလောက်မဲ့နေရာမှာ သင့်ကြော်ငြာကို စာတန်းလေးထိုးကာ ဖြတ်လိုက် ရင် အဆင်ပြေပါတယ်။

 


သင့်ရဲ့ ပြိုင်ဘက် product ရဲ့ ကြော်ငြာတွေနဲ့ campaign တွေကိုလေ့လာပါ။နိုင်ငံခြားက Brand တွေဖြစ်တဲ့ Nike , Coca Cola စတဲ့ campaign တွေကို ကြည့်ရှု့ပါ။ကောင်းမွန် ပြည့်စုံတဲ့ campaign တစ်ခု ဖန်တီးနိုင်ကြပါစေ။

 

Myanmar Advertising Directory