Marketing

အခုလိုအခြေအနေမှာ မားကတ်တင်းလုပ်သင့်ပါသလား

Read 2067 times
အခုလိုအခြေအနေမှာ မားကတ်တင်းလုပ်သင့်ပါသလား

Digital Transformation ပွဲရဲ့ အစိတ်အပိုင်းကိုကြည့်ခြင်းအားဖြင့် မားကတ်တင်းရေးရာ မဂ္ဂဇင်း ဖြစ်တဲ့ The Drum က Adobe Stock နှင့်ပူးပေါင်းကာ သိသင့်သိထိုက်တာကို တင်ဆက်ပေးလိုက်ပါတယ်။

 

ထိုမေးခွန်းဖြေကြား ချက်များတွင် မားကတ်တင်းသမားတွေအနေနဲ့ နည်းပညာအနောက်လိုက်ကာ ပေါ့ပျက်ပျက် ဖြစ်နေသည်များကိုရှောင်ရှားသင့်သည် ထို့အပြင် သင့်စားသုံးသူများအတွက် အကျိုးရှိစေမည့်အရာများသာ အခုချိန်မှာ ချပြသင့်ပါတယ်တဲ့။

 

ယနေ့ခေတ် ရဲ့ စားသုံးသူ အများစုဟာ အတော်လေး အရာရာကို သိချင်စူးစမ်းချင်စိတ်ကြီးကြတယ်တကယ်တန်း သူတို့ သင့် Product ကို စမ်းသပ်ကြည့်လို့ အဆင်ပြေရင် Review ကောင်းမွန်စွာ ပြန်လဲပေးပါလိမ့်မယ် သို့ပေမဲ့ နာမည်ရဖို့လဲ လွယ်သလို နာမည်ကျဖို့လည်း လွယ်ကူတယ်ဆိုတာကို မမေ့ပါနဲ့။

 

ယခုလိုရောဂါဖြစ်ပွားနေတဲ့ အချိန်အခါမှာ မားကတ်တင်းသမားတွေ အနေနဲ့ OOH advertising ကို မေ့လိုက်လို့ ရပေမဲ့ Digital Marketing ကိုဆက်လက် run ထားသင့်ပါတယ် ဘာကြောင့်ဆို ယခုအချိန်မှာ သင့်စားသုံးသူ မှသင့်အား တစ်ခုတည်းသော မြင်တွေ့ မျက်ခြေ မပျက်စေနိုင်သော နည်းလမ်းဟာ Digital Marketing တစ်ခုပါပဲ။

 

စီးပွားရေး လုပ်ငန်းတွေဟာ ကိုရိုနာရောဂါဖြစ်လို့ ခေတ္တရပ်နေတာဖြစ်ပြီး ကိုဗစ် အပြီး ဂျွန်လလောက်ဆို ပြန်လည် run လာမှာပါလို့ ခန့်မှန်းနိုင်ပါတယ် ထိုအခါကြရင် Business ပြန်လည်ပတ်လာပြီဆိုပါက Business ရဲ့ အရေးအကြီးဆုံး ရင်းနှီးမြှပ်နှံမှု့ဖြစ်တဲ့ ကိစ္စတွေဖြစ်တဲ့ Marketing ကိစ္စရပ်တွေက လိုအပ်လာမှာပါ။ဒီတော့ အဲ့အချိန်အခါမှ ကောက်ထ လုပ်ရင် အတော်လေး အစ က ပြန်စသလိုဖြစ်ခါခက်ခဲနေပါလိမ့်မယ်။

 

Marketing ရဲ့ အဓိက သင်သိရမဲ့ အချက်က ကြော်ငြာ Campaign အကောင်းစားတွေလုပ်နေဖို့ မလိုအပ်ပါဘူး သို့ပေမဲ့ အတွေးအခေါ် နဲ့တည်ထွင် ဖန်တီးနိုင်မှု့ စွမ်းရည်တော့ လိုအပ်ပါတယ် ကြော်ငြာ ခြင်း ကို ကျော်လွန်ပြီး အရှိပြရမည့် အချိန်မို့ အခုချိန်မှာ မားကတ်တင်းသမားတွေအနေနဲ့ ပျောက်ကွယ်မသွားတာ အကောင်းဆုံးပါ။

 

<<< Zawgyi >>> 

 


---------------------

 

ဈေးကွက်မြင့်တင်ရေး ကိစ္စရပ်တွေက ကမ္ဘာကြီးကို တကယ်တန်းပြောင်းလဲ နိုင်ဖို့ စွမ်းအင်ရှိပါတယ်။ထိုအချင်းအရာများက လူသိရှင်ကြား ဖြစ်ပြီး အာရုံ စိုက်မှု့ကို တိုးစေတယ် , လူတွေရဲ့ လားရာတွေကို ပြောင်းလဲစေတယ် လို့ပြောရမယ် သို့သော်လည်း ယခု ကိုဗစ်ဖြစ်ပွားနေချိန် မားကတ်တင်းနယ်ပယ်ကြီးရဲ့ ဆိုးရွားချက်တွေကဘာလဲ , အကျိုးအမြတ်တွေက ဘာလဲ ဆိုတာ သိရှိနေဖို့ လိုအပ်ပါတယ်။

 


 


 


 


 


 


 

Myanmar Advertising Directory