မရင်းနှီးတဲ့လုပ်ငန်းတစ်ခုမှာ စိတ်ရောကိုယ်ရော မြုပ်နှံတော့မယ်ဆိုတာဟာ တကယ်ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒီတော့ အဲဒီ့စိန်ခေါ်မှုကြီးကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေ မျှဝေပါရစေဦး။
စိတ်ထဲမှာ ရင်းနှီးမှုများများထားပါ
ရုပ်ဝတ္တုတွေအပေါ်မှာ ရင်းနှီးတာတွေလျှော့ပြီး စိတ်ထဲမှာ ရင်းနှီးမှု များများထားရပါလိမ့်မယ်။ သင် အသစ် စမယ့် လုပ်ငန်းက သင်စိတ်ထဲမှာ မျှော်မှန်းထားသလောက် ရင်းနှီးမြုပ်နှံထားသလောက် ကြီးပါလိမ့်မယ်။ လုပ်ငန်းခွင်သစ်အတွက် အ၀တ်အစားအသစ်တွေဝယ်မယ်။ အသုံးအဆောင်ပစ္စည်းအသစ်တွေဝယ်မယ်။ ဒီလို ရုပ်ဝတ္တုတွေအပေါ်မှာ ရင်းနှီးမြုပ်နှံမယ့်အစား စာများများဖတ်ပါ။ ကိုယ် အသစ်လျှောက်လှမ်းမယ့် Career အကြောင်း များများလေ့လာပါ။ အထွေထွေဗဟုသုတတွေကို ရှာဖွေပါ။
ကျန်းမာရေးကို ပထမဦးစားပေးပါ
နေကောင်းမှ အရာရာလုပ်ကိုင်နိုင်မှာပါ။ နေထိုင်မကောင်းပဲနဲ့တော့ သင်ဘာမှမစွမ်းဆောင်နိုင်ပါဘူး။ အဲဒါကို မမေ့ပါနဲ့။ Career အသစ်ကို ပြောင်းတော့မယ်ဆိုရင် သင့်ဘက်ကပိုပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေ၊ တွေးတောကြံဆနိုင်မှုစွမ်းအားတွေ၊ အလုပ်လုပ်နိုင်စွမ်းအားတွေကအစ အရင်ကထက် နှစ်ဆရှိနေမှ အဆင် ပြေမှာပါ။ ဒီအရာတွေ အကုန်ပြည့်စုံနိုင်ဖို့ဆိုတာ နံပါတ်တစ်နေရာမှာရှိနေတဲ့ ကျန်းမာရေးကောင်းမွန်မှ ဖြစ်နိုင်မှာပါ။
အချိန်ကို ကောင်းစွာစီမံခန့်ခွဲပါ
အရင်ကထက် အချိန်ကို ပိုပြီးကောင်းအောင် စီမံခန့်ခွဲနိုင်ပါဦးမှ အရင်ကထက် ပိုအောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ ဒါကြောင့်လည်း သင့်ရဲ့အလုပ်ချိန်တွေ၊ အစည်းအဝေးချိန်တွေကစလို့ နေ့လည်စာစားချိန်၊ အိပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်တွေကအစ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရပါလိမ့်မယ်။ ဒါမှ နေရာသစ်တစ်ခုမှ အချိန်တိုအတွင်း နေရာတစ်ခုရလာမှာဖြစ်ပါတယ်။
ကြီးကြီးမားမားတွေးထားပါ
ကြီးကြီးမားမားတွေးထားမှ ကြီးကြီးမားမားရမှာနော်။ အစကတည်းက သင့်ရဲ့ Career အသစ်ကို အထင်မကြီးဘူးဆိုရင်တော့ သင်ပြောင်းရွှေ့မယ့် Career Industry မှာ သင်လည်း ကြီးကြီးမားမား ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံးတွေးပြီး အကောင်းဆုံးပြင်ဆင်ရပါလိမ့်မယ်။
ကဲ ဒါတွေပြီးပြည့်စုံသွားပြီဆိုရင်တော့ သင် ပြောင်းလဲချင်တဲ့ အလုပ်ကို ကြိုက်သလို အပြောင်းအလဲ လုပ်လို့ရပါပြီနော်။ အရင်က ဘယ်လိုပဲ ပစ်စလက်ခက်နေခဲ့နေခဲ့ အခုလို အသစ်တစ်နေရာကို ရှာဖွေတော့မယ်ဆိုရင်တော့ ဒီလိုအခြေခံပြင်ဆင်မှုတွေကိုတော့ လုပ်ကိုလုပ်ရမှာနော်။
Read-ဒီလိုလုပ်ရပ်တွေကြောင့် လုပ်ငန်းခွင်မှာ သင့်ပုံရိပ်ကို ထိခိုက်စေနိုင်တာပါ
Source; MODA Magazine