ဒါပေမဲ့ အနောက်နိုင်ငံက သုတေသီတွေကတော့ နေ့စဉ်နဲ့အမျှ အလဟသ ဆုံးရှုံးကုန်တာက လူ့စွမ်းရည်တွေလို့ ဆိုပါတယ်။
လူအများစုအနေနဲ့ ကိုယ့်တကယ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရဲ့ ၁၀% ကိုပဲ ကောင်းကောင်း အသုံးချကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူအချို့ကတော့ အခက်အခဲတွေကိုပဲ တွေးနေ အာရုံစိုက်နေတဲ့အတွက်
ဘ၀ရဲ့ ရည်မှန်းချက်တွေကို မဖော်ဆောင်နိုင်တော့ဘဲ ပြသနာတွေကို ရှင်းနေရင်းနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေတာကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
အဲလိုလူတွေကတော့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်နည်းပါးပြီး အဆိုးမြင်တဲ့ တိုက်ခိုက်ရန်လိုသူတွေ ဖြစ်လေ့ရှိတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ရဲ့ လူအနည်းစု ကပဲ ကိုယ်တကယ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရဲ့ ၂၅% ကို အသုံးပြုကြတယ်။
အဲဒီလူတွေကတော့ လက်ရှိ နယ်ပါယ်အသီးသီး လုပ်ငန်းစွမ်းဆောင်ရေ မြင့်သူများ အနေနဲ့ အောင်မြင်မှုတွေ ရရှိနေတယ်လို့လည်း သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။
လူတွေရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ သုတေသီတွေရဲ့ ရလဒ်တွေပေါ်ကို ကိုးကားပြီးတော John C. Maxwell က Think on these thing ဆိုပြီး စာအုပ်ထုတ်ရေးသားခဲ့ပါတယ်။
ဒီကနေ့ လူအများစုအနေနဲ့ အလုပ်လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် အခြားသူတွေကို ကူညီပေးရာမှာပဲဖြစ်ဖြစ် ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ကြတာ တွေ့ရပါတယ်။
အလုပ်ကိုပြီးမြောက် အောင်မြင်အောင် မဆောင်ရွက်နိုင်တာက အရည်အချင်းမရှိလို့ မဟုတ်ပါဘူး၊
တကယ့်ကို ပြီးမြောက်အောင် မလုပ်တာကို တွေ့ရတယ်လို့ John C. Maxwell က Think on these thing စာအုပ်ထဲမှာ ရေးသားထားတယ်။
ကျွန်မအနေနဲ့ရော ကိုယ့်မှာ ရှိတဲ့ စွမ်းရည်ကို ၁၀%လောက်ပဲ အသုံးပြုမိနေသလား? ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေအပေါ် ပြန်သုံးသပ်ကြည့်ရင် ကိုယ့်စွမ်းရည်ရဲ့ ဘယ်လောက်ကိုပဲ သုံးနေသလဲ ဆိုတာ ကိုယ့်ကိုယ်ကို တွေ့နိုင်မယ်လို့ ယူဆပါတယ်။
သေချာတာကတော့ ကိုယ်လုပ်နိုင်တယ်ဆိုတာကို ကျွန်မတို့ကိုယ်တိုင် ကန့်သတ်နေမိတာပါပဲ။
အဲဒါကြောင့်သာ... ဟာ ဒီလောက်ပဲ လုပ်နိုင်တာပေါ့။ ကျွန်မလုပ်နိုင်တာ ဒါအစွမ်းကုန်ပဲ။
ဒါလောက် လုပ်တာတောင် မဖြစ်ပါလား...စသည်လိုပဲ ကျွန်မတို့ဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို လျော့တွက်နေကြတာပါ။
လုပ်နိုင်တယ်လို့ ကိုယ်ထင်ထားတာထက် ပိုလုပ်နိုင်တယ်ဆိုတာကို လက်ခံယုံကြည်တဲ့ သူတွေ နည်းပါးပါတယ်။
ဒါပေမဲ့ တကယ်တမ်းဖြစ်လာတဲ့အခါ တကယ်တမ်း မဖြစ်မနေ လုပ်ရတဲ့ အခါမှာတော့ ဟာ ငါ တော်တော်လုပ်နိုင်တာပဲ၊
ငါဟာ ငါထင်ထားတာထက် ပိုတဲ့ စွမ်းရည် ရှိပါလား ဆိုတာကို လက်ခံလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု တက်လာပါတော့တယ်။
ဥပမာ လူတစ်ယောက်က သူ့ရဲ့ တစ်လ ၀င်ငွေကို ငွေကျပ် ၁၀ သိန်းလောက်ရှိနေတယ်၊
တစ်လ၀င်ငွေကို ငွေကျပ် ၁၅ သိန်း လောက် သူက လိုချင်တယ်။
အဲလို လိုချင်တဲ့ ငွေရရှိအောင် သူ့အနေနဲ့ အလုပ်ချိန်နဲ့ စွမ်းရည်ကို တိုးပြီး အလုပ်လုပ်တယ်။
အဲလို လုပ်တော့ နှစ်လ လောက်တွင်းမှာ သူ့အနေနဲ့ တစ်လကို ငွေ ၁၅ သိန်းလောက် ရလာတယ်။
အဲလို တစ်ကယ်လုပ်ရင်တစ်ကယ် တိုးတယ်ဆိုတာကို တွေ့လိုက်တော့ သူ့လုပ်နိုင်တယ်ဆိုတာကို လက်ခံလိုက်တယ်။
အဲလို လက်ခံလိုက်တာနဲ့ သူ့ကိုယ်သူလည်း ယုံကြည်စိတ် တိုးလာတယ်။
နေ့စဉ်ဘ၀တွေမှာ ကျွန်မတို့ရဲ့ အတွေးအခေါ်တွေကပဲ ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို ဦးဆောင်သွားကြတာပါ၊
ဒီကနေ့အဖို့ ပြသနာနေ့လို့ တွေးလိုက်တာနဲ့ အရာရာတိုင်းဟာ ပြသနာဖြစ်သွားတတ်တာမျိုး ရှိသလို၊
ဒီအလုပ်ကို ငါ မလုပ်နိုင်ပါဘူးလို့ တွေးလိုက်တာနဲ့ အဲဒီအလုပ်မှာ အခက်အခဲတွေနဲ့ တွေ့ပြီး တကယ့်ကို မလုပ်နိုင်တာမျိုးတွေ တွေ့လာရတယ်။
အဲတော့ ကျွန်မတို့က နေ့တစ်နေ့ရဲ့ အစပိုင်းမှာ ဒီအလုပ်တွေကို... ငါလုပ်နိုင်တယ်၊
ဒီနေရာကိုငါဖြစ်နိုင်တယ် ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ထားဖို့ လိုအပ်တာ တွေ့ရပါတယ်။
ပြီးတော့ ပြဿနာ အခက်အခဲကြုံခဲ့ရင်လည်း ဒီအခက်အခဲကို ငါကျော်ဖြတ်ရင်တော့ ငါ့ရဲ့ စွမ်းရည်တိုးသွားပြီလို့ တွေးခဲ့ရင်
အရာရာတိုင်းကို ကျွန်မတို့ လုပ်ဆောင်လာနိုင်ပြီး အခက်အခဲဆိုတာ စွမ်းရည်မြှင့်စက်လို့ သဘောထားလိုက်ရင် ...
ကိုယ့်မှာ ရှိတဲ့ စွမ်းရည်တွေကို ကိုယ်ကိုယ်တိုင် သိမြင်လာနိုင်သလို၊ စွမ်းရည်တွေကိုလည်း နေ့စဉ် မြှင့်တင်နိုင်မယ်လို့လည်း တွေးမိပါသေးတယ်။
ဒါ့အပြင် (ကိုယ့်ကိုယ်ကို ယုံကြည်သူတစ်ဦးအဖို့ အခြားသူများကိုလည်း ယုံကြည်တတ်တာ တွေ့ရပါတယ်)နဲ့ ကိုယ့်ရဲ့ စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်သလို၊
ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စွမ်းရည်တွေကိုလည်း အားပေးမြှင့်တင်လာနိုင်မယ်လို့ နားလည်လိုက်ပါသေးတယ်။
တစ်ဆက်တည်း စဉ်းစားမိတာကတော့ ကျွန်မတို့သာ...ဒါမှမဟုတ် လူအများစုသာ ကိုယ့်စွမ်းရည်ထက် ၁၀% ထက်ပိုသော ၂၅% ထိ တိုးမြှင့် အသုံးပြု တယ်ဆိုရင်
ကျွန်မတို့တွေ ဒီကနေ့ထက် မနက်ဖြန်ဟာ ပိုတိုးတက်နေပြီ။ မနက်ဖြန်ထက် သန်ဘက်ခါဟာ ပိုပြီး တိုးတက်အောင်မြင်နေပါပြီ။
လူတိုင်းဟာ... ကိုယ့်စွမ်းရည်ကို အပြည့်အ၀ မဟုတ်တောင်မှ ခုထက်ပိုပြီး အသုံးနိုင်မယ်ဆိုရင်....အရာရာ ပြောင်းလဲတိုးတက်သွားမှာတော့ အမှန်ပါပဲ။
Recommended for you-အောင်မြင်တဲ့ လမ်းကြောင်းပေါ်လျှောက်နိုင်ဖို့ ဘာတွေလုပ်ရမလဲ?
Credit; မေသင်္ကြန်ဟိန်(မြစ်မခ)