Life Hacks

ကိုယ့်ကိုယ်ကို အားဆေးတိုက်ပါ!

Read 4710 times
ကိုယ့်ကိုယ်ကို အားဆေးတိုက်ပါ!

သူများတွေ ရဲ့ အားပေးမှု နှစ်သိမ့်မှု တွေကို တောင့်တနေစရာမလိုပါဘူး။ သင့်ကိုယ်သင် အတတ်နိုင်ဆုံး အားပေး နိုင်အောင်ကြိုးစားပါ။

ဘာဖြစ်လို့လဲ ဆိုတော့ သင် အခက်အခဲတစ်ခု ကြုံရတဲ့ အခါ ကူညီမဲ့ သူက ပေါ်ကောင်းပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအခက်အခဲနဲ့ အရင်ဆုံးထိပ်တိုက်ရင်ဆိုင်ရတာက သင်ကိုယ်တိုင်ပါ။

အလုပ်တစ်ခုကို လုပ်တဲ့ အခါအကောင်းဆုံးတော့လုပ်ပေါ့နော်။ ကိုယ်အကောင်းဆုံးလုပ်ထားတဲ့အခါ ရလဒ်က မကောင်းပေမယ်လည်း နောင်တမရတော့ဘူးပေါ့။ ကိုယ့်စိတ်ကို ကိုယ်တိုင် နှစ်သိမ့်နိုင်သွားတယ်။

လူတိုင်းကျရှုံးနိုင်တာပဲလေ။ ဒါပေမယ့် ကျရှုံးမှုအတွက် မနာကျင်ရတော့ဘူးပေါ့။

ကျွန်တော် ကတော့ ကျရှုံးမှုတွေကို နာကျင်မှုလို့ ဘယ်တော့မှ မသတ်မှတ်ဘူး။

တကယ်လို့ ကျွန်တော် အကောင်းဆုံးမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ကျွန်တော့်အတွက်ကြီးမားတဲ့ နာကျင်မှုပေါ့။

အလုပ်အတွက်ပဲ ဖြစ်ဖြစ်၊ လူတွေအတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးလိုက်ပါ။

ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက မအောင်မြင်တာပဲဖြစ်ဖြစ်၊ လူတွေက ကိုယ့်ကို အသိမှတ်မပြုပဲ အကြိမ်ကြိမ် ငြင်းပယ်ခံရတာပဲ ဖြစ်ဖြစ် အရာအားလုံးအတွက် အကောင်းဆုံးသာလုပ်ပေးလိုက်ပါ။ သင်တစ်ချိန်ပြန်တွေးမိရင်တောင် သင့်စိတ်ကို ပြန်နှစ်သိမ့်နိုင်မှာပါ။

သင့်ကို နာကျင်စေတဲ့ ဘယ်လိုအတွေးမျိုးပဲဖြစ်နေပါစေ။ အဲ့ဒါက အတွေးသက်သက်ပါပဲ။ သင်ကိုယ်တိုင်ပြောင်းလဲယူလို့ ရပါတယ်နော်..။

Just do it ! Now.

Recommended for you-ဒီနေ့ပဲ ယုံကြည်မှုကို သင့်အိတ်ထဲ ထည့်ပြီး အောင်မြင်မှုကို ရယူလိုက်ပါ

PES(Myanmar Advertising Directory)

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1