အခုချိန်မှာတော့ ဒေါ်လာ ၁၂.၇ ဘီလီယံ ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ လျူကို တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကျင်စုနယ်မှာ ဆင်းရဲတဲ့မိသားစုက မွေးဖွားလာတာဖြစ်ပြီး တရုတ်နိုင်ငံမှာ နာမည်ကျော် သူဌေးကြီးများဖြစ်တဲ့ Alibaba Group မှ ဂျက်မားလောက် လူသိမများပါဘူး။ ဒါပေမယ့် ဘီလီယံကြွယ်သူဌေးတစ်ယောက်တော့ ဖြစ်နေပြီဖြစ်ပါတယ်။
သူဟာ ဘေဂျင်းမှာ ကွန်ပျူတာ အရောင်းဆိုင်လေးတစ်ဆိုင် စဖွင့်ပြီး ဘဝကိုစတင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ကံမကောင်းစွာဖြင့် သူ့ဆိုင်လေးကို ပိတ်လိုက်ရပါတယ်။ ဆိုင်ပိတ်လိုက်ရပြီး အိမ်အောင်းနေရာက အွန်လိုင်းကို စိတ်ကူးရသွားတာဖြစ်ပါတယ်။ JD ဆိုတဲ့ အွန်လိုင်းက ဈေးရောင်းရန် စိတ်ကူးက ယနေ့သူ့ကို ဘီလီယံကြွယ်သူဌေးကြီးဖြစ်စေတာဖြစ်ပါတယ်။ လျူဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာသာမကပဲ လုပ်ငန်းများကို ဥရောပနိုင်ငံတွေမှာပါ ချဲ့ထွင်ထားတာဖြစ်ပါတယ်။
သင့်ရဲ့ SEO ကို Result ကောင်းတွေရယူချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်များ
အခုဆိုရင် လျူရဲ့အသက်ဟာ ၄၆နှစ် ရှိနေပြီဖြစ်ပါတယ်။ “ကျွန်တော် စီးပွားရေးစလုပ်ချင်တာ အဘွားကြောင့်ပါ။ အဘွားက အဲဒီအချိန်မှာ နေမကောင်းဘူး။ သူ့ကို ဆေးကုဖို့ ငွေအများကြီးလိုနေတယ်။ ကျွန်တော်တို့မှာ အဲဒီအချိန်က ငွေတစ်ပြားမှမရှိဘူး” လို့ ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပတဲ့ World Economic Forum မှာ ပြောခဲ့ဖူးပါတယ်။ လုပ်ငန်းအနေနှင့် JD ကို ထူထောင်ရင်းက ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း ကုမ္ပဏီကို ဒေါ်လာ ၆၇ ဘီလီယံခန့် တန်ကြေးရှိသာ ကုမ္ပဏီကြီးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။
ခုချိန်မှာတော့ သူ့ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၁၆၂၀၀၀ ကို ခန့်ထားနိုင်ပြီဖြစ်ပြီး၊ ပြည်ပနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ပထမဆုံး သူ့စိတ်ကူးမိတာကတော့ နိုင်ငံခြားထုတ် နာမည်ကျော်တံဆိပ်များကို နိုင်ငံခြားမထွက်ဘဲ ဘယ်လိုနည်းနဲ့ တရုတ်နိုင်ငံကို ရရှိနိုင်စေရန် လုပ်ဆောင်ပေးရမလဲဆိုတာပါ။ နိုင်ငံခြား Brand များကို တရုတ်နိုင်ငံကို ရအောင်လုပ်ပေးနိုင်ပြီးမှ တရုတ်နိုင်ငံရဲ့ထင်ရှားကျော်ကြားသော Brand များကို နိုင်ငံခြား ပြန်ထိုးဖောက်ရေးမှာ သူရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။
“ကျွန်တော် ယုံကြည်ထားတာက လာမယ့် ၁၀ နှစ်အတွင်း တရုတ် brand တွေဟာ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးရမယ်ဆိုတာပဲ” လို့ သူကဆိုပါတယ်။ JD ဟာ ပထမဆုံး ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှာ ဒေသဘာသာစကားဖြင့် ကုန်ပစ္စည်းများဝယ်ယူနိုင်တဲ့ အွန်လိုင်းဈေးဝယ် Site တစ်ခုကို လွှင့်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ထိုင်းဘာသာစကားနဲ့ ဈေးဝယ်လမ်းညွန် Site မလွှင့်တင်မီ ကြိုတင်စမ်းသပ်ကြည့်နေချိန်မှာပဲ ဗီယက်နမ်ကို ဝင်တိုးခဲ့ပါတယ်။ ယနေ့မှာတော့ ဗီယက်နမ်မှာ e-Commerce ကုမ္ပဏီတစ်ခုကို စတင်ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
JD ဟာ တရုတ်စီးပွားရေးနည်းဗျူဟာအတိုင်း လုပ်ငန်းတိုင်း၊ နေရာတိုင်းကို သိမ်းပိုက်စိုးမိုးနိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။ JD ကို ထူထောင်ခဲ့တဲ့ လျူကို နိုင်ငံရပ်ခြားဈေးကွက်တွေမှာ သိပ်သိကြမှာမဟုတ်ပါဘူး။ သူ့ အနာဂတ်စိတ်ကူးက Future of Retail ဖြစ်ပါတယ်။ အိမ်တံခါးသာ ဖွင့်ထားပါ။ မှာလိုက်တဲ့ပစ္စည်း အရောက်ပို့ပေးမှာပါလို့ သူက ဆိုပါတယ်။ JD က တောင်ပံတွေဖြန့်ဝဲပြီး ကမ္ဘာပတ်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ လူငယ်တစ်ယောက်၏ စိတ်ကူးတစ်ချက်က ဘီလီယံ ကွယ်တဲ့ဘဝကိုရောက်စေခဲ့တာဖြစ်ပါတယ်။
Source; The Voice
Myanmar Advertising Directory