Tips

သင့်ရဲ့လုပ်ငန်းခွင်မှာ အသုံးဝင်စေမယ့် Chrome Extension များ

Read 1369 times
သင့်ရဲ့လုပ်ငန်းခွင်မှာ အသုံးဝင်စေမယ့် Chrome Extension များ

ဒါကြောင့် သင့်အတွက် ယခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Chrome Browser မှာသင့်အတွက် အထောက်အကူဖြစ်နိုင် Chrome Extension တွေကိုဖော်ပြပေးပါမယ်။


Google Calendar

ဒီ Extension ကလည်း အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာဆို ရှိသင့်တဲ့ Extension လေးပဲဖြစ်ပါတယ်။ Calendar မှာ ကျတဲ့တာဝန်တွေ၊ ပိတ်ရက်တွေ အစရှိတဲ့ Time Management တွေကို စီစဉ်လို့ရပါတယ်။ ဒါကြောင့်မို့ ဒီ Google Calendar ဆိုတဲ့ Extension ကိုလည်း အသုံးပြုကြည့်သင့်ပါတယ်။


Snooze Email

ဒီ Extension လေးကတော့ မိမိအလုပ်လုပ်နေတဲ့ အချိန်မှာမလိုအပ်တဲ့ Mail တွေဝင်မလာအောင် လုပ်ထားလို့ရတဲ့ Extension ဖြစ်ပါတယ်။ သင်အလုပ်လုပ်ပြီးတဲ့ အချိန်မှပဲ Mail တွေကို ပြန်ဝင်စေချင်တယ်ဆိုရင် Schedule လည်းပြုလုပ်လို့ရပါတယ်။

ရန်ကုန်မြို့လောက်ပဲရှိတဲ့ စင်ကာပူနိုင်ငံရဲ့ထိပ်ဆုံးရောက်နေတဲ့ စီးပွားရေး


Sort For Gmail

Gmail အတွက် Task-Board Style Layout တွေကို လွယ်လွယ်ကူကူနဲ့ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့အတွက် အသုံးဝင်တဲ့ Extension လေးတစ်ခု ဖြစ်ပါတယ်။ ဒီ Extension လေးကို ပြုလုပ်ခဲ့တဲ့ အကြောင်းရင်း ကတော့ User တွေရဲ့ အချိန် ၁၀ ရာခိုင်းနှုန်းဟာ Mail နဲ့ လိုအပ်တဲ့ Folder နဲ့ကြားမှာ ကုန်ဆုံးနေလို့ ဒီ Extension ကိုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။


Grammarly

ဒီ Extension လေးကတော့ လက်ရှိ ကျတော်သုံးနေတဲ့ Extension တွေထဲမှာပါဝင်ပါတယ်။ ဒီ Extension က English စာအသုံးပြုပြီး အလုပ် လုပ်ကိုင်ရတဲ့ သူတွေအတွက် အဆင်ပြေစေတဲ့ Extension ဆိုလည်းမမှားပါဘူး။ Grammar မှားတာကို ပြင်ပေးရုံတင်မကပဲ စာလုံးအထားအသိုတွေကိုပါ ပြင်ဆင်ပေးပါတယ်။ Upgrade လုပ်ပြီး သုံးမယ်ဆိုရင်တော့ ပိုသင့်ပြီး အဓိပ္ပါယ်ရှိတဲ့ စာလုံးတွေကို အကြံပေးပါသေးတယ်။ ဒီ Extension လေးကိုတော့ စမ်းသုံးကြည့်စေချင်ပါတယ်။

အထက်ပါ Chrome Extension တွေဟာဆိုရင် လက်ရှိကာလမှာ အသုံးပြုမှုများနေတဲ့ Extension တွေဖြစ်ပါတယ်။ မိတ်ဆွေတို့ကိုလည်း စမ်းသပ်ပြီးသုံးကြည့်ဖို့ အကြံပြုပါတယ်။


Source; SEO Myanmar

Myanmar Advertising Directory