Local

သင်လိုချင်တဲ့ ပစ္စည်းတွေကို City Mart ကနေ အိမ်အရောက်ပို့ မှာယူနိုင်ပြီ

Read 2557 times
သင်လိုချင်တဲ့ ပစ္စည်းတွေကို City Mart ကနေ အိမ်အရောက်ပို့ မှာယူနိုင်ပြီ

ရန်ကုန်က မြို့နယ် ၂၇ ခုမှာ ဒီဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပြီး ကျပ်ငွေ ၂၀,၀၀၀ ဖိုးနဲ့အထက် မှာယူတယ်ဆိုရင် အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀,၀၀၀ ကျပ်အောက်ဆိုရင်တော့ ပို့ခ ၂၀၀၀ ကျပ် ပေးဆောင်ရပါမယ်။

ဝန်ဆောင်မှု ရယူနိုင်တဲ့ မြို့နယ်တွေကတော့ အလုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှိုင်သာယာ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဒဂုံ၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ တောင်ဒဂုံ၊ ဒေါပုံ၊ တာမွေ၊ သာကေတ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ အင်းစိန်တို့ပဲ ဖြစ်ပါတယ်။

City Mall Online ကနေတစ်ဆင့် City Mart အပါအ၀င် Ocean, City Care, City Baby Club, Safari Book Store စတဲ့ နေရာတွေမှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကိုလည်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ လက်ရှိထက် ပိုပြီး ဈေးကွက်ချဲ့ထွင်နိုင်တော့မည်

ဈေးသွားပြီး ၀ယ်ခြမ်းရတာဟာ အချိန်ကုန်ပြီး လူပင်ပန်းပါတယ်။ မိမိ လိုချင်တဲ့၊ လိုအပ်တဲ့ ပစ္စည်းတွေကို အိမ်မှာ အေးအေးဆေးဆေး ထိုင်ပြီး စိတ်ကြိုက် ရွေးချယ် မှာယူလို့ ရမယ်ဆိုတော့ ရုံးတက်နေရတဲ့ မေမေတို့ မမတို့အတွက် ဒီဝန်ဆောင်မှုက အတော်လေး အဆင်ပြေစေမှာပါ။

သင့်အနေနဲ့ သင်ဝယ်ယူလိုတဲ့ ပစ္စည်းတွေကို ညနေ ၃ နာရီ မတိုင်ခင် မှာယူထားမယ်ဆိုရင် နောက်တစ်နေ့မှာ အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

အိမ်အရောက်ပို့ ၀န်ဆောင်မှုနဲ့ ပတ်သတ်ပြီး သိလိုတာ ရှိရင် မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ဖုန်းဆက် မေးမြန်းလို့ ရပြီး ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်က 09421634776 နဲ့ Viber နံပါတ်က 09421634774 ဖြစ်ပါတယ်။

မှာယူနိုင်တဲ့ ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကို အောက်က လင့်ခ်ထဲမှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။ City Mart Web စာမျက်နှာသို့

Su Mon Oo

Source: City Mart

Myanmar Advertising Directory