Marketing

ကုမ္ပဏီတွေ ပိုလိုအပ်လာမယ့် Marketing အလုပ်အကိုင်များ

Read 1672 times
ကုမ္ပဏီတွေ ပိုလိုအပ်လာမယ့် Marketing အလုပ်အကိုင်များ

ဒါကြောင့် ၂၀၂၀ မှာ ကုမ္ပဏီတွေ ပိုလိုအပ်လာမယ့် Marketing အလုပ်အကိုင် (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Social Media Stategist

CMO တွေက Social Media နဲ့ ပတ်သက်လို့ အကြီးအကျယ် ရင်းနှီးမြှပ်နှံနေဦးမှာ ဖြစ်ပါတယ်။ အဲဒီနယ်ပယ်နဲ့ ပတ်သက်လို့ တစ်ဖက်ကမ်းခတ် လေ့လာနားလည်ထားပြီးသားသူတွေကိုလည်း ဖောင်းပွနေတဲ့ Social Media လောကထဲမှာ သူတို့ထုတ်ကုန်ဝန်ဆောင်မှုကို အကောင်းဆုံးအမှတ်တံဆိပ် တည်ဆောက်နိုင်ဖို့ ကူညီမယ့်သူတွေကိုလည်း ရှာဖွေငှားရမ်းနေဦးမှာပါ။

၂။ Brand Marketer

လက်ရှိအချိန်မှာ တကယ့်အကောင်းဆုံး ကုမ္ပဏီကြီးတွေဆိုတာက အထင်ကြီးလောက်စရာ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကိုပေးတဲ့ အဖွဲ့အစည်းတင် ဖြစ်တာမဟုတ်ပါဘူး။ Customer တွေ လိုချင်မယ့်၊ သူတို့အတွက် သက်ဆိုင်သင့်တော်တယ်လို့ ယူဆကြမယ့် ကုန်အမှတ်တံဆိပ်ကို တည်ဆောက်ပေးနိုင်တဲ့ ဈေးကွက်ဖော်ဆောင်သူတွေကို အရင်ကထပ် ပိုမိုလိုအပ်လာကြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေလုပ်ကိုင်ဖို့ သင့်တော်တဲ့ လုပ်ငန်း (၅)ခု

၃။ Marketing Data Analyst

Data ရဲ့ သဘောသဘာဝကို နားလည်အသုံးချနိုင်စွမ်းက ဈေးကွက်ဖော်ဆောင်သူတွေအတွက် အဓိကအကျဆုံး အရည်အချင်းဖြစ်လာပါတယ်။ အချက်အလက်တွေကို ဘယ်လိုရယူ စုဆောင်းကာ၊ အနှစ်သာရကို ဖော်ထုတ်အသုံးပြုကာ ပုံပြင်ကောင်းတွေအဖြစ် ပြန်ပြောင်းပြောပြပေးနိုင်သူက အလွန်အသုံးဝင်ပါလိမ့်မယ်။

၎။ Machine Learning Speciallst

Marketing နယ်ပယ်မှာ AI က အဓိကအကျဆုံး နည်းပညာဆိုင်ရာ အရည်အချင်းဖြစ်လာမယ်။ AI App တွေကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ဆိုတာက ဒီဂျစ်တယ်ခေတ်ရဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအတိုင်းအတွက် မဖြစ်မနေအသုံးပြုမယ့် အချက်တစ်ခုဖြစ်လာမယ်။

၅။ User Experience (UX) Designer

ချယ်နယ်အမျိုးမျိုးကနေ အသုံးပြုသူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ချောမွေ့အပြစ်အနာအဆာကင်းတဲ့ အသုံးပြုသူအတွေ့အကြုံရဖြစ်အောင် လုပ်ပေးနိုင်ဖို့ဆိုတာက အဓိကကျပါတယ်။ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ သူတို့အတွက် အသုံးပြုသူတွေကြားမှာ မမေ့နိုင်ဖွယ်အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်တဲ့၊ သူတို့ရဲ့ဖောက်သည်တွေကို အတွင်းကျကျ နားလည်တဲ့ Marekting သမားတွေကို ပိုမိုလိုအပ်လာပါတယ်။


Source; CEO Myanmar
Myanmar Advertising Directory