Business Marketing

ယှဉ်ပြိုင်မှုကို စွဲဆောင်မှုရှိအောင် ဆက်လက်ဖန်တီးခြင်း

Read 3708 times
ယှဉ်ပြိုင်မှုကို စွဲဆောင်မှုရှိအောင် ဆက်လက်ဖန်တီးခြင်း

ယှဉ်ပြိုင်စွမ်းရည် (Competitive advantage) ပါ။

ခက်တာက competitive advantage က ကြာရှည်တည်မြဲမှုမရှိဘဲ အလွယ်တကူ ပုံတူကူးခံရတဲ့အချက်ပဲ။ ဒါကတော့ ဘယ်သူ့အပြစ်မှ မဆိုသာဘူး။ Industrial benchmarking ရဲ့ သဘောသဘာဝအရ ဈေးကွက်ထဲမှာ အကောင်းဆုံးလို့ထင်ရတဲ့ ယှဉ်ပြိုင်မှုဗျူဟာတွေကို တခြားလူတွေလည်း ပုံတူကူးသုံးမှာပဲ။ ပြဿနာကကျတော့ ဈေးကွက်ထဲက ပြိုင်ဘက်တွေအကုန်လုံးက အကောင်းဆုံးဗျူဟာကို ပုံတူလုပ်လာတဲ့အခါ ပြိုင်ဘက်တစ်ယောက်နဲ့တစ်ယောက်အကြားကွဲပြားခြားနားမှုက နည်းလာတယ်။ သုံးစွဲသူအခွင့်အရေး ပိုများလာတယ်။ အခွင့်အရေးကနေ ရပိုင်ခွင့်တစ်ခုအဖြစ် ထင်မြင်သွားတယ်။ ဒီတော့အဲဒီယှဉ်ပြိုင်စွမ်းရည်က စွဲဆောင်မှုမရှိတော့ဘူး။

Read-သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေးအခေါ်စွမ်းအားတွေကို ဘယ်လိုမြှင့်တင်မလဲ?

ဥပမာအားဖြင့် နှစ်သစ်ကူးလျှော့ဈေး။ ဒီဗျူဟာ စစချင်းတုန်းကတော့ စွဲဆောင်မှုရှိတယ်။ အလုပ်ဖြစ်မှန်းသိတော့ ကျန်တဲ့သူတွေအကုန်လုံးကလည်း ပုံတူကူးတယ်။ ဒီတော့ ဟိုကလည်း နှစ်သစ်ကူးလျှော့ဈေး၊ ဒီကလည်း နှစ်သစ်ကူးလျှော့ဈေးနဲ့ အားလုံးနီးပါးက နှစ်သစ်ကူးလျှော့ဈေးလုပ်တော့ ၀ယ်ယူသူက အခွင့်အရေးအဖြစ် မမြင်တော့ဘူး။ ရပိုင်ခွင့်အဖြစ် မြင်လာတယ်။ ဒီတော့ ဈေးမလျှော့တဲ့သူက ရပိုင်ခွင့်ကိုမပေးတဲ့သူဖြစ်သွားတယ်။ အဲဒါက ပထမအချက်။ နောက်အချက်က ဈေးလျှော့တာ သပ်သပ်က ပြိုင်ဆိုင်မှုစွမ်းရည်မဖြစ်တော့ဘဲ ဘယ်လောက်များများလျှော့ပေးနိုင်လဲဆိုတာကမှ ပြိုင်ဆိုင်မှုဖြစ်လာတယ်။ နောက်ဆက်တွဲကတော့ စီးပွားရေး ၀င်ငွေလျော့တယ်။

ဒါကိုဖြေရှင်းဖို့ဆိုရင် ပြိုင်ဆိုင်မှုပုံစံကို သူများနဲ့ မတူညီအောင် ဆက်ဆက်ပြီး ဖန်တီးနေမှဖြစ်မယ်။ ဗျူဟာအသစ် ပုံစံအသစ်နဲ့ မတူကွဲပြားအောင် ဆက်လက်ယှဉ်ပြိုင်နေမှဖြစ်မယ်။ Differentiation ကို အားပြုဖို့ပဲပေါ့။ ဒါမှ ယှဉ်ပြိုင်မှုစွမ်းရည်က ဆက်ပြီး အသက်ဝင်နေမယ်။ မဟုတ်ရင် ဗျူဟာက ထင်သလောက်စွဲဆောင်မှုမရှိတော့ဘူး။

Credit; Thurein Hlaing Win