စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် အဆင့်ခွဲကာ ဖော်ပြ ပေးထားပါသည် >>>

ဒီ Funnel လေးမှာ ရှိတဲ့ အဆင့် ၁ မှာ Problem Recognition ကို ကြည့်ပါဆို့ ဒီ Stage ဟာ အရမ်းရိုးရှင်းပါတယ် Consumer ( စားသုံးသူ ) က ဈေးဝယ်ထွက် လာမယ် သူ့ အတွေးစိတ်ကူးထဲမှာ ပစ္စည်း တစ်ခု ဝယ်ဖို့ သတိရမယ် ဥပမာ အားဖြင့် သူက ဆပ်ပြာလိုတယ် ဆိုပါစို့ ဆပ်ပြာတုံးကို အိမ်မှာ လိုအပ်နေတယ် ဆပ်ပြာတုံး ဝယ်ကို ဝယ်ရမယ် လို့ အသိဝင်ခြင်းကို ပထမ ဆုံး Stage အဖြစ် သက်မှတ်ပါမယ်။
အဆင့် ၂ ကို ပြောရရင် Information Search ဆိုတဲ့ Stage ကို ရောက်လာမယ် ဒီတစ်ခါမှာ တော့ Consumer ( စားသုံးသူ ) က ဆပ်ပြာတုံး လိုက်ရှာ တဲ့ အချိန်ကိုရောက်လာမယ် ဒါပေမဲ့ သူက ဒီအချိန်မှာ ဆပ်ပြာတုံး လိုက်ရှာ ရင်း ဆပ်ပြာ ရည် တွေ့ မယ် အဲ့အခါ ကျရင် သူက ဆပ်ပြာကို ဝယ်ချင်မှ ဝယ်တော့ မယ် စိတ်ပြောင်း ရင် ပြောင်း နိင်တဲ့ Stage ပေါ့ ။
အဆင့် ၃ ကို ရောက်လာမယ် Evaluation of Alternatives အဆင့်ကိုရောက်လာမယ် ဒီတစ်ခါမှာ တော့ သူ့အနေနဲ့ သင့် ဆပ်ပြာ ကို ဆပ်ပြာရည် Brand တစ်ခုနဲ့ နှိုင်းယှဉ် ကြည့်မယ် သူ ဘယ်ဟာကို ဝယ်သင့်လဲ စဉ်းစားမယ် Consumer ( စားသုံးသူ ) ရဲ့ စိတ်ထဲမှာတော့ ဒါလေးကလည်း ကောင်းလိုက်တာ ၊ ဒါလေးကလည်းဝယ်နေကျ အစရှိသဖြင့် တွေးနေမယ်ပေါ့နော် ။
အဆင့် ၄ မှာ တော့ Purchase Decision အဆင့်ကို ရောက်မယ် … တချို့ Consumer ( စားသုံးသူ ) က ဆုံးဖြတ်ချက် ချ မည့်အချိန်ပေါ့ ။ ဘာကိုဝယ်ရမလဲ နှစ်ခုစလုံးကိုလည်း လိုချင်တယ် နှစ်ခုစလုံး ကို ယူလို့ ကလည်း မဖြစ်နိုင်ဘူး တစ်ခု ပဲ ဝယ်မှ ရမယ်ဆိုပြီး သူ့ စိတ်သူ ပိုင်းဖြတ်တဲ့ အနေအထားပေါ့ ဝယ်တာတော့ ဝယ်ကို ဝယ်တော့မယ် အနေအထားပေါ့။
အဆင့် ၅ မှာတော့ Purchase အဆင့်ကို ရောက်မယ် …. လုံးဝဝယ်လိုက်ပြီပေါ့နော် ဥပမာ အားဖြင့်ပြောရရင် Consumer ( စားသုံးသူ ) အနေနဲ့ စိတ်ထဲမှာ “ အာ ရှုပ်ပါတယ် ၊ ဝယ်နေကျပဲ ဝယ်မယ် ၊ ဒါလေးပဲ ယူုလိုက် မယ် ဆိုပြီး စိတ်ဒုန်းဒုန်းချငွေရှင်းမဲ့ အချိန်ပေါ့ ။
အဆင့် ၆ မှာတော့ Post Purchase Evaluation အဆင့်ကိုရောက်မယ် ဝယ်ပြီးသွားပြီ လုံးလုံး လျားလျား သို့ ပေမဲ့ ငါဒါကို ဝယ်မိတာ တန်ရဲ့ လား တကယ်ရော ထိရောက်ပါ့မလား ငါ့အတွက် အသုံးတည့်ပါ့မလားလို့ တွေးလာမယ် ဒီအနေအထားက သင့် Brand ကို Consumer ( စားသုံးသူ ) အနေနဲ့ ထားတဲ့ သဘောထား မပြောင်းလဲဖို့ ကြောင့် Brand တစ်ခုရဲ့ အန္တရာယ် အများဆုံး အနေအထားသာဖြစ်ပါသည်။
ယခုဆိုရင်တော့ စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့် The Consumer Buying Process Funnel လေး ကို အဆင့်ဆင့် ရှင်းပြရေးသားပြီးပါပြီ ဈေးကွက် မြှင့် တင်ရေး သမားများ အသုံးတည့် စေဖို့ မျှော်လင့်ရပါသည်။