Local

Consumer တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် လက်ကမ်းကြော်ငြာ

Read 1840 times
Consumer တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် လက်ကမ်းကြော်ငြာ

ဒီလက်ကမ်းကြော်ငြာကို အာဆီယံ စားသုံးသူကာကွယ်ရေး ကော်မတီကနေ အာဆီယံနိုင်ငံတွေမှာရှိတဲ့ စားသုံးသူများအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုများ ရှိခဲ့ပါက တိုင်တန်းနိုင်ဖို့အတွက် လွှင့်တင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆီယံစားသုံးသူ တိုင်တန်းမှုဆိုင်ရာ လက်ကမ်းကြော်ငြာထဲမှာ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် စားသုံးသူ ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး အဓိက ဆက်သွယ် တိုင်ကြားလို့ရမယ့် ဌာနတွေ အပါအ၀င် သတင်းအချက်အလက်တွေပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

လက်ကမ်းကြော်ငြာကို အာဆီယံဝဂ်ဆိုဒ်တစ်ခုဖြစ်တဲ့ https://asean.org/ နဲ့ စားသုံးသူအရေးယူ ဆောင်ရွက်မှုဆိုင်ရာ အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီဝဂ်ဆိုဒ်ဖြစ်တဲ့ www.aseanconsumer.org ဆိုတဲ့ ဝဂ်ဆိုဒ်တွေမှာ ဝင်ရောက် ကြည့်ရှုလို့ ရပါတယ်။

Digital Marketing Professional ဖြစ်ဖို့ သိထားသင့်တဲ့ အချက်များ

မြန်မာနိုင်ငံဟာ စားသုံးသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်ဖို့အတွက် ပထမဦးဆုံးသော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်မှ စတင် အတည်ပြု ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း စားသုံးသူ ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး တိုင်တန်းလိုတယ်ဆိုရင်လည်း နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ စားသုံးသူရေးရာ ဦးစီးဌာန ဖုန်းနံပါတ် 673-430457 နဲ့ အီးမေးလ် [email protected] ကို ဖြစ်စေ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဖုန်းနံပါတ် 01-548398 နဲ့ အီးမေးလ် [email protected] ကို ဖြစ်စေ ဆက်သွယ် တိုင်ကြားလို့ ရပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနိးရှားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံ ( ၁၀ ) နိုင်ငံ ပါဝင်ပါတယ်။


Source; Ministry of commerce