Tips

Content Writing နဲ့ Copywriting တို့ကြားက အဓိကခြားနားချက်များ

Read 2181 times
Content Writing နဲ့ Copywriting တို့ကြားက အဓိကခြားနားချက်များ

တစ်ချို့ကတော့ ဒီနှစ်ခုကြားက ခြားနားချက်ကို ကွဲကွဲပြားပြား မသိကြသလို Copywriting ဆိုတာ တခြား page က နေ copy ကူးပေးရတာရယ်လို့ ထင်နေသူတွေ မရှိဘူးမထင်နဲ့ ရှိနေပါတယ်။ Content Writing နဲ့ Copywriting တို့ကြားက အဓိကခြားနားချက်ကတော့ သူတို့ရဲ့ရည်ရွယ်ချက်ပါပဲ။


Content Writing ဟာ လူတွေကို Brand အကြောင်း Educate လုပ်ဖို့ရည်ရွယ်ပြီး၊ ဖျော်ဖြေရေးတွေ၊ သတင်းဆောင်းပါးရေးသားခြင်းတွေ ပါဝင်ပါတယ်။ Content Writing ဟာ လူတွေကို Website ပေါ်မှာ ကြာကြာရှိနေစေဖို့နဲ့ Brand နဲ့ ပိုမိုထိတွေ့မှုရှိဖို့ (engagement) လည်း ဖြစ်ပါတယ်။ Copywriting ကတော့ နည်းနည်းကြော်ငြာဆန်သလို Content Writing လည်း ပါဝင်တာမို့ သူ့တာဝန်က ပိုမိုကြီးလေးတယ် ဆိုရမှာပါ။ Copywriter ကနေ မိမိ Brand ကို အရောင်းတွေတက်အောင်၊ လူတွေဝယ်ချင်လာအောင် Idea တွေ Ideology တွေနဲ့ ဆွဲဆောင်ရပါတယ်။ Content Writing ကတော့ Brand အကြောင်း လူတွေကို ပညာပေးမိတ်ဆက်တဲ့အခါ ပိုမိုအသုံးပြုပါတယ်။

Content Calendar ဆွဲတော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ


Copywriting အတွက် DOs & DON’Ts တွေကတော့

- ဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်ပေးပါ။
- စကားလုံးတွေက ရှင်းလင်းပြီး တိုက်ရိုက်ဖြစ်ပါစေ။
- စာဖတ်သူကို လွှမ်းမိုးနိုင်မယ့်စကားလုံးရွေးပါ။
- သင့် Brand ကို လူတွေယုံကြည်လာပါစေ။
- ဗန်းစကားတွေကို အတတ်နိုင်ဆုံးရှောင်ပါ။
- အပိုအလိုတွေမထည့်ပဲ လိုတိုရှင်းရေးပါ။
- Brands ကိုထိခိုက်စေမယ့် Trends တွေကို မလိုက်ပါနဲ့။


Content Writing အတွက် DOs & DON’Ts တွေကတော့

- ပရော်ဖက်ရှင်နယ်ဆန်ဆန်ရေးပါ။
- ကိုယ်ပိုင်အိုင်ဒီယာတွေ၊ အသုံးအနှုန်းတွေဖြစ်ပါစေ။
- ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေသုံးပါ။
- အမြဲတမ်းလေ့ကျင့်နေပါ။
- သင်ပြောလိုတဲ့အကြောင်းအရာကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။
- စကားပြေ၊ စကားပြောတွေအပြင် Search မှာရှာရလွယ်မယ့် Keywords တွေကို လေ့လာပါ။


Source - searchenginejournal

Myanmar Advertising Directory