Global

ကိုဗစ်နှင့်ကြော်ငြာ ရေးရာ

Read 2206 times
ကိုဗစ်နှင့်ကြော်ငြာ ရေးရာ

ကြော်ငြာ တဲ့ လူတွေ က လည်း ရှားကို ရှားသွားတယ် ၊ ခရီးသွားလာမှု့တွေမရှိတော့ အရင် ကြော်ငြာ ကြေးငွေ မြှောက်များစွာသုံးတဲ့ လေယာဉ် လိုင်းတွေ၊ ဟော်တယ်တွေ ၊ အပျော်စီးသင်္ဘောတွေ ဆို ခရီး အသွား အလာ မရှိတော့ ၎င်းတို့ပေါ်ကြော်ငြာနိုင်တာမျိုးတွေမရှိတော့ဘူး။

551.png

ထို့အပြင် လောင်းကစားရုံ ကြီးတွေ ၊ ညဘက် ပျော်စံရာ Night Club စတဲ့ လူစု လူဝေးနေရာတွေကလည်း ပိတ်လိုက်ရသဖြင့် ကြော်ငြာ ခြင်း မပြု ကြတော့ ပါဘူး။ဒီတော့ ဒါက ကြော်ငြာ လောက တွက် အတော်လေး နစ်နာ ဆုံး ရှုံးမှု တွေပါပဲ။

အခုအချိန်မှာ Hollywood မှာ ဆိုရင် ရုပ်ရှင် ရိုက်ကူးမှု့ တွေရော ထုတ်လုပ်ဖြန့် ချိမှုတွေရော ကို နားထားတယ်လို့ သိရပါတယ်။ ဒီတော့ ယခင်လိုနယူးရော့ ရဲ့ လမ်းမကြီးတွေပေါ် မှာ ကြော်ငြာ ဆိုင်းဘုတ်တွေ မတွေ့ ရတော့ ပါဘူး ။ ရုပ်ရှင် ကြော်ငြာ တွေက Zoom ( အစည်းအဝေး ) လုပ်တဲ့ App မှာကြော်ငြာ ကြပါတယ်။

လုပ်ငန်းတွေတော်တော်များများ ရပ်တန့် လိုက်လို့ကြော်ငြာ ရေးရာ ကိစ္စရပ် တွေ ကတော့ စီးပွားရေး လုပ်ငန်းတွေ မလည်ပတ်သေးသရွေ့ အရင်လို မြိုင်မြိုင်ဆိုင်ဆိုင် ပြန်တွေ့ ရမည် မဟုတ်ပါ ။ တချို့တွေဆို ကမ္ဘာနဲ့ တစ်လွား ယခု စီးပွားရေး ကို ဆက်လက်တောင့်မခံ နိုင်ပဲ ဒေဝါလီခံ လိုက်တဲ့ လုပ်ငန်းစုတွေ ရှိပါတယ်။

Banner.png

Digital ကြော်ငြာ ရေး ရာ ပိုင်းက ၂၀၀၈ ခုနှစ်ကနေ စတင် ထွန်းကားလာတယ်လို့ ပြောလို့ ရပါတယ်။အစပိုင်းမှာ ငွေကြေး အသုံးပြု ခြင်းက ဒီဂျစ်တယ်ပိုင်းမှာဆို ၁၂ ရာခိုင်နှုန်းသာ ရှိတယ်ဆိုရမယ်။ယခုချိန်မှာတော့ ကြော်ငြာ နယ်ပယ်ကြီးရဲ့ ငွေကြေး ၅၅ ရာခိုင်နှုန်းဟာ Digital Advertising မှာ အသုံးပြု ထားတယ်လို့ သိရပါတယ်။

IAB ( Interactive Advertising Bureau ) ရဲ့ ဥက္ကဋ္ဌဖြစ်သူ David Cohen ပြောကြား ချက်အရ ‘ ကြော်ငြာ ရေးရာက ၁၂ နှစ်အတွင်း အတော်လေး ပြောင်းလဲ သွားတယ် အထူးသဖြင့် Digital ကြော်ငြာ ပိုင်းဆိုင်ရာမှာ ပိုပြီးပြောင်းလဲသွားပါတယ် ‘ ဟုဆိုပါတယ်။

By Myanmar Advertising Directory 

Myanmar KEK Group Co,Ltd.png