Tips

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းထောက် ၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

Read 1620 times
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းထောက် ၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

 

အဆိုပါသေဆုံးမှုများကို ကာကွယ်၍ ရနိုင်ကြောင်း၊ သတင်း မီဒီယာများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသော သတင်းသမားများ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမဦးစားပေးအနေဖြင့် လက်ခံရရှိသင့်သလို သေဆုံးသွားသည့် သတင်းသမားများ၏ မိသားစု များအနေဖြင့်လည်း ငွေကြေးအကူအညီများကို လက်ခံရရှိသင့်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

သတင်းထောက်များ၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် အသက်မွေးသည့် သတင်းသမားများနှင့် ဓာတ်ပုံသတင်းထောက်များကဲ့သို့သော မီဒီယာ လုပ်ငန်းတွင် လုပ်ကိုင်နေသူအများအပြားသည် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နေအိမ်မှ အလုပ်မလုပ်နိုင်တော့ဘဲ ကိုယ်တိုင်ကွင်းဆင်းပြီး သတင်းရယူရခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ အဓိကကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း PEC ၏ အထွေထွေအတွင်းရေးမှူးချုပ် ဘလေးစ်လင်ပန်က အလေးအနက် ပြောကြားသည်။

 

လက်တင်အမေရိက၌ ၂၀၂၀ ပြည့်နှစ် ၁၀ လတာအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းထောက် ၃၀၃ ဦး သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုမှာ သေဆုံးမှုအားလုံး၏ ထက်ဝက် ကျော်ရှိသည်။ ထို့အတူ ပီရူးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သတင်း ထောက် ၉၃ ဦး၊ ဘရာဇီးတွင် ၅၅ ဦးနှင့် အီကွေဒေါနိုင်ငံတွင် ၄၂ ဦး အသီးသီးသေဆုံးခဲ့ကြသည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံတွင် သတင်းထောက် ၅၃ ဦး၊ မက္ကဆီကိုတွင် ၄၅ ဦး၊ ဘင်္ဂလားဒေ့ရှ်တွင် ၄၁ ဦး၊ အီတလီတွင် ၃၇ ဦးနှင့် အမေရိကန် ပြည်ထောင်စုတွင် ၃၁ ဦး စသည်ဖြင့် မီဒီယာလုပ်ငန်းလုပ်ဆောင်နေကြစဉ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ကြကြောင်း သိရသည်။

 

Mirror