Life Hacks

သူများနဲ့ မတူတဲ့ လမ်းကြောင်းအသစ်တစ်ခု ထွင်တဲ့အခါ သင်ကြုံရမှာတွေ

Read 347 times
သူများနဲ့ မတူတဲ့ လမ်းကြောင်းအသစ်တစ်ခု ထွင်တဲ့အခါ သင်ကြုံရမှာတွေ

သင် တမူထူးခြားတာ တစ်ခုခုစလုပ်ပြီဆိုရင် ပတ်ဝန်းကျင်မှာ သင်ကြုံတွေ့နိုင်တာလေးတွေ ရှိပါတယ် …

ပထမဦးဆုံး သူတို့ သင့်ကို လှောင်ကြပါလိမ့်မယ် …

သင်လုပ်နေတဲ့ အလုပ်နဲ့ ခိုင်မာမှုအခြေအနေကို သင်ပဲ နားလည်ပါလိမ့်မယ်။ သင့်ဖက်က သေချာအောင် ပြင်ဆင်ပြီး ရလဒ်ထွက်တဲ့အထိ ကြိုးစားပါ။ အဲဒီလို လှောင်ပြောင်ကြတာတွေကို ဂရုစိုက်နေမယ်ဆိုရင် ကမ္ဘာပေါ်မှာ လေယာဉ်ပျံတွေ၊ လျှပ်စစ်မီးတွေတောင် ပေါ်လာစရာ အကြောင်းမရှိဘူးဆိုတာကို ဂရုပြုပါ။ လူတွေကို အကျိုးပြုတာသေချာပြီး ကျင့်ဝတ်နဲ့ ညီညွတ်တယ်ဆိုရင် သင်လုပ်စရာ ရှိတာသာ ရှေ့ဆက်ပြီး လုပ်သွားပါ။ လှောင်ရယ်သံတွေကို အားပေးမှုတစ်မျိုးလို့ သဘောထားပါ။ သင်လုပ်နေတာသာမှန်ရင် တစ်ချိန်မှာ သင့်ကို ၀န်းရံသူတွေ အများအပြားရှိလာပါလိမ့်မယ်။

ပြီးရင် သူတို့ သင့်ကို မုန်းကြလာကြပါလိမ့်မယ် …

မူလသွားနေတဲ့လမ်းကြောင်းကနေ သွေဖီပြီး နောက်တစ်ခုကို သေချာကူးနေချိန် အလုပ်လည်း ဖြစ်လာပြီဆိုရင် လူတစ်ချို့က လှောင်ရယ်တာကနေ တိုက်ခိုက်တဲ့အဆင့်ကို ပြောင်းလဲလာကြလိမ့်မယ်။

ဥပမာ - သင်သာ မြန်မာထမင်းဆိုင်ဘေးနားမှာ ကြက်ကြော်ဆိုင် သွားဖွင့်ရင် သင့်ကို လက်ဆွဲနှုတ်ဆက်နိုင်တဲ့ မြန်မာထမင်းဆိုင် လုပ်ငန်းရှင်ရှိနိုင်သလို လူတွေက ကြက်ကြော်စားပြီးရင် မြန်မာထမင်းမစားတော့ဘူးဆိုပြီး သင့်ကို မရှုစိမ့်တဲ့ ထမင်းဆိုင်လုပ်ငန်းရှင်လည်း ရှိနိုင်တယ်ဆိုတာ ဂရုပြုပါ။ လူ့သဘာဝအရလည်း ပြောင်းလဲမှုကို ဆန့်ကျင်တတ်ကြပါတယ်။ သင့်ဖက်က အတတ်နိုင်ဆုံး ပညာသားပါပါနဲ့သာ စိန်ခေါ်မှုတွေကို ဖြေရှင်းပါ။

ပြီးရင် သင်လုပ်တာတွေကို သူတို့လိုက်လုပ်လာကြလိမ့်မယ် …

ဒီလိုနဲ့ သင်လုပ်ရင်းကိုင်ရင်း သင်လုပ်တဲ့လုပ်ငန်းက ပုံကျလာပြီ အမြတ်အစွန်းရလာပြီဆိုရင် အခုနက ဥပမာအရ ဘေးနားက မြန်မာထမင်းဆိုင်တွေက အသည်းအသန် ကြက်ကြော်ဆိုင်တွေ လိုက်ဖွင့် လာကြလိမ့်မယ်။ နဂိုက ပြောခဲ့တာ သူတို့မဟုတ်သလိုလို သူတို့ကြက်ကြော်က နတ်ပြည်ကမှာထားသလိုလို လုပ်ပြီး သင့်လုပ်ငန်းကို ကော်ပီလုပ်လာကြလိမ့်မယ်။

အဲဒီတော့ သင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ် ယောက် ဖြစ်မယ်ဆိုရင် အဲဒီအဆင့်မတိုင်ခင် နောက်ထပ် differentiate လုပ်စရာကို ရှာထားပါ။ ဒါဆိုရင် သင်ဆက်ပြီး ဦးဆောင်နေမှာ သေချာပါတယ်။

Recommended for u- ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ

Source: Original Writer