Business Marketing
ကြည့်ရှူ့သူတွေကို ဖမ်းစားနိုင်တဲ့ အလန်းစားကြော်ငြာများ
Read 2105 times
ကြည့်ရှူ့သူတွေကို ဖမ်းစားနိုင်တဲ့ အလန်းစားကြော်ငြာများ
wide fund fro nature
skin color
Slower is better
slowe is better
air pollution
dont pick up
when he drives
 Source;cantwait2say
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။
Link-Myanmar Advertising Directory
Unicode Version
Stop the Violence
ကားမောင်းတဲ့နေရာမှာ သတိထားမောင်းဖို့ သတိပေးထားတဲ့ ကြော်ငြာပါဖောင့်မန့်တစ်ခုပဲ ဖြစ်ပါတယ်။ ကားပုံတွေကို မျက်နှာမှာရေးဆွဲထားပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ပြောချင်တာကတော့ “မောင်းရင်မမူးနဲ့ မောင်းရင်မမူးနဲ့” ဆိုတဲ့ ဆောင်ပုဒ်ကို ပြောပြထားပုံရပါတယ်။
For the World Wide Fund for Nature
သဘာဝကို ကာကွယ်ဖို့ ပြသထားတဲ့ ကြော်ငြာတစ်ခုဖြစ်ပါတယ်။ ပင်လယ်ပြင်မှာ လင်ပိုင်ငါးတွေကို သတ်ဖြတ်ပါက ပိုမိုအထီးကျန်စေတယ်ဆိုတာကို ပြသရာရောက်သလို ပိုပြီးကြောက်စရာလည်း ကောင်းနေပါတယ်။ ဓါတ်ပုံတစ်ပုံရဲ့ အဓိပ္ပာယ်က ကြော်ငြာတဲ့နေရာမှာ အသက်ဝင်လွန်းလှပါတယ်။
Your skin colour shouldn’t dictate your future
အသားရောင်ခွဲခြားဆက်ဆံခြင်းမပြုလုပ်ကြဖို့ သတိပေးထားတဲ့ ကြော်ငြာတစ်ခုပါ။ ကလေးတွေရဲ့ ငယ်စဉ်ဘဝပုံတွေကို ဖော်ပြပေးထားပြီး အသားရောင်က လူတစ်ဦးရဲ့ အနာဂါတ်ဘဝကို ဆုံးဖြတ်မပေးကြောင်း ဖော်ပြပေးထားပါတယ်။ အလွန်ပဲထိမိလှပြီး မှတ်မိလွယ်စေတဲ့ ကြောြ်ငာပါ။
Slower is better
ယာဉ်တွေမောင်းတဲ့အခါ ဖြေးဖြေးမောင်းဖို့ သတိပေးထားတဲ့ကြော်ငြာလည်းဖြစ်ပါတယ်။ လမ်းမှာ အရှိန်လျော့မောင်းတာဟာ ဆေးရုံမှာ တစ်လခွဲခန့်နားရတာထက်ပိုလို့ကောင်းကြောင်း ပြောပြထားတာ လည်းဖြစ်ပါတယ်။ ဖြေးဖြေးမောင်းတာဟာ အန္တရာယ်ကင်းစေတယ်လို့ ဖော်ပြထားတာပါ။
Air pollution kills 60,000 people a year
လေထုညစ်ညမ်းမှုကို သတိထားမိစေဖို့အတွက် ကြော်ငြာထားတဲ့ ဒီဇိုင်းအနုပညာလက်ရာကောင်းတစ်ခုပါ။ သေနက်ပြောင်းကနေ မီးခိုးထွက်နေတာဟာ တကယ်ကိုကြောက်စရာကောင်းတဲ့ လေထုညစ်ညမ်းမှုကို သတိထားမိစေဖို့အတွက် ကြော်ငြာထားတဲ့ပုံစံပါ။ လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၆၀၀၀၀ခန့် နှစ်စဉ်သေဆုံးနေကြောင်း သိရှိရပါတယ်။
If you don’t pick it up they will
လမ်းမှာ စွန့်ပစ်ထားတဲ့ အမှိုက်ကို သိမ်းဆည်းခြင်းမပြုလုပ်ပါက အချိန်ကြာလာတာနဲ့အမျှ ပြန်လည်ဒုက္ခဖြစ်စေနိုင်ကြောင်း ပြသနေတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ အမှိုက်တွေပိုမိုစုပြုံများပြားလာမှာဖြစ်ပြီး လူ့ပတ်ဝန်းကျင်ကို ခက်ခဲစေမှာဖြစ်ပါတယ်။
Don’t talk when he drives
ယာဉ်မောင်းနေစဉ်ဖုန်းမပြောဖို့ သတိပေးထားတဲ့ ကြော်ငြာဒီဇိုင်းဓါတ်ပုံဖြစ်ပါတယ်။ တကယ်ကို ထိမိလွန်းလှတဲ့ ဓါတ်ပုံလည်းဖြစ်ပြီး ယာဉ်မောင်းစဉ်ဖုန်းပြောပါက စိတ်လှုပ်ရှားလွန်းကာ ရုတ်တရက် ယာဉ်တိုက်မှု ဖြစ်နိုင်လို့ပါပဲ။ လူအများစု ဖုန်းပြောလိုက်တာနဲ့ ဖုန်းထဲက တစ်ဖက်လူရဲ့ စကားဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတစ်ခုခုကို သက်ရောက်စေနိုင်တယ်ဆိုတာ စဉ်းစားရပါမယ်။ ဒါ့ကြောင့် ယာဉ်မောင်းစဉ် ဖုန်းမပြောရ။