Global

Crypto.com က အားကစားခန်းမ အမည်တပ်ခွင့်ကို ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူ

Read 3880 times
Crypto.com က အားကစားခန်းမ အမည်တပ်ခွင့်ကို ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူ

အမည်ပြောင်းလဲဖော်ပြပေးရန်အတွက် စင်ကာပူတွင် ရုံးချုပ်ထားရှိသော ခရစ္ပတိုငွေလဲလုပ်ငန်း Crypto.com က အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ပွဲကြည့်ပရိသတ်အတွက် ထိုင်ခုံ ၂၀,၀၀၀ ပါရှိသည့် အဆိုပါအားကစားခန်းမကို နှစ်ပေါင်း ၂၀ ကြာသည်အထိ Crypto.com Arena ဟု ခေါ်ဝေါ်မည် ဖြစ်သည်။

အားကစားသမိုင်းတွင် အမည်တပ်ရန်အတွက် ကြေးအများဆုံးအဖြစ် စံချိန်တင်သည်။

အဆိုပါ အားကစားခန်းမကို ၁၉၉၉ အောက်တိုဘာလတွင် ဖွင့်လှစ်စဉ်ကစ၍ Staples Center ဟု ခေါ်တွင်ခဲ့သည်။ Staples သည် ရုံးသုံးပစ္စည်း လက်လီရောင်းသည့် ကုမ္ပဏီအဖြစ်ဖြစ်ပြီး အားကစားခန်းမတွင် ၎င်းအမည် သုံးစွဲခွင့်ကို နှစ်ပေါင်း ၂၀ အတွက် ဝယ်ယူခဲ့သဖြင့် Staples Center ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။
လာမည့် ခရစ္စမတ်နေ့မှ စ၍ Crypto.com Arena ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်တော့မည် ဖြစ်သည်။

Crypto.com ကို ၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့သည်။ Bitcoin, Ether, Dogecoin အစရှိသော ခရစ္ပတိုငွေကြေး အမျိုးမျိုးတို့ ရောင်းဝယ်ခြင်း၊ ငွေလဲခြင်းများကို ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်း ဖြစ်သည်။


Google Play Store မှာ Crypto​.com က #1 နေရာ ရောက်ရှိ