(၁) စိတ်ကို တက်ကြွထက်သန်စေတယ်
သိချင်စိတ်ဟာ အမြဲမေးခွန်းတွေ မေးပါတယ်။ မေးခွန်းအတွက် အဖြေကို ရှာဖို့ စိတ်ကိုလှုံ့ဆော်နေပါတယ်။ ဒီလိုနဲ့ စိတ်ဟာ နိုးကြားထက်သန်လာပြီး လေ့ကျင့်ခန်းလုပ်သလို တက်ကြွသန်မာလာစေနိုင်ပါတယ်။
(၂) အိုင်ဒီယာသစ်တွေ ရှာဖွေစေတယ်
အောင်မြင်တိုးတက်ဖို့ဆိုရင် ဆန်းသစ်ထူးခြားတဲ့ အိုင်ဒီယာတွေ လိုပါတယ်။ စူးစမ်းတဲ့စိတ်ကို အိုင်ဒီယာသစ်တွေ ဖော်ထုတ်ပေးနိုင်တဲ့ အကြောင်းရင်းပါပဲ။ လေ့လာချင်စိတ်မရှိရင် စိတ်ကူးသစ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
(၃) လောကသစ်ကို ဖွင့်ပေးတယ်
သာမန်အားဖြင့် မမြင်သာတဲ့ အခွင့်အလမ်းတွေဟာ စူးစမ်းမှုကြောင့် အကောင်အထည်ပေါ်လာပါတယ်။ အရာရာကို သိချင်တဲ့စိတ်ဟာ အတွေးအခေါ်တံခါးတွေကို ဖွင့်ပေးနိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပြီး ကမ္ဘာလောကသစ်တစ်ခုဆီ ဦးတည်ပေးနိုင်ပါတယ်။
(၄) စိတ်လှုပ်ရှားမှုတွေ ယူလာပေးတယ်
တစ်ခုခုကို သိချင်နေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်အခြေအနေကို သတိထားကြည့်ပါ။ စိတ်ဟာ ထူးထူးခြားခြား ထက်သန်မှုရှိနေပါတယ်။ စွန့်စားခန်းတစ်ခု ဖွင့်ရသလို ထက်သန်မှုအပြည့် ရှိပါတယ်။ ဒါကပဲ ဘဝရဲ့ ရှင်သန်မှုပုံစံကို သက်ဝင်လှုပ်ရှားစေတာ ဖြစ်ပါတယ်။
Kwee