Marketing

Customer တွေ ရဲ့ Buyer Persona ကိုသိဖို့ဆိုရင်

Read 1714 times
Customer တွေ ရဲ့ Buyer Persona ကိုသိဖို့ဆိုရင်

Buyer Persona ကို Create လုပ်တဲ့အခါမှာ Customer တွေရဲ့ Behaviour တွေ၊ Pain Points တွေ၊ ပြီးတော့သူတို့ရဲ့ Goals တွေအပြင် Demographics တွေ၊ Locations တွေ၊ Interests တွေ၊ Job Title တွေကိုလည်းထည့်သွင်းသင့်ပါတယ်။


ဥပမာပြောရရင် Customer တွေရဲ့ အသက်အပိုင်းအခြားတွေက ဘာတွေလဲ၊ သူတို့ရဲ့ Gender ကရောဘာတွေလဲ၊ သူတို့ကဘယ်နေရာမှာရှိတာလဲ၊ သူတို့ဘာတွေကို Interes ဖြစ်သလဲ၊ သူတို့ရဲ့ Job Title ကရောဘာလဲ စသဖြင့် Ideal Customers တွေ ဒါမှမဟုတ် Existing Customer တွေရဲ့ Individual Data တွေပါ။ ကိုယ့်ရဲ့ Ideal Customers တွေအကြောင်း တိတိကျကျ နဲ့များများသိထားလေ ကောင်းလေပါဘဲ။


ကိုယ့် Ideal Customer တွေရဲ့ Buyer Personas တွေကို တိတိကျကျ မှန်မှန်ကန်ကန် နဲ့များများသိထားမှသာ သူတို့အတွက် Contents တွေလုပ်ပေးတဲ့အခါမှာ ထိထိရောက်ရောက် လုပ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ သင်ရဲ့ Target Audience က 18 နှစ်ကနေ 22 အတွင်း ရှိတဲ့ Esport ကိုစိတ်ဝင်စားတဲ့ သူတွေဆိုပေမယ့် သင်ကသူတို့ရဲ့ Persona ကိုသေချာမသိခဲ့ရင် သင်ကသူတို့အတွက် Content ဖန်တီးတဲ့အခါမှာ ပြသနာရှိလာနိုင်ပါတယ်။


ကိုယ်သွားချင်တဲ့ နေရာကို သေချာသိမှသာ အဲ့ဒီနေရာကို ဘယ်လိုသွားရမလဲ ဆိုတာသိနိုင်ပါတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့သက်ဆိုင်ရာ Customer တွေရဲ့ Buyer Personas တွေကိုသိထားခြင်းဖြင့် Customer တွေကိုပိုကောင်း၊ ထိရောက်ပြီး သူတို့အတွက် တကယ်အသုံးဝင်တဲ့ Contents တွေနဲ့ Engage လုပ်နိုင်မှာပါ။


Source; Digital Whisperer