Marketing

Chinese-Canadian စီးပွားရေးလုပ်ငန်းရှင် Dan Lok ပြောတဲ့ ဈေးရောင်းနည်း

Read 3184 times
Chinese-Canadian စီးပွားရေးလုပ်ငန်းရှင် Dan Lok ပြောတဲ့ ဈေးရောင်းနည်း

 

၁။ လူတွေက logic ကြောင့် ဝယ်တာ မဟုတ်ဘူး။ ခံစားချက် emotion ကို လိုက်ပြီး ဝယ်တာ။ ပြီးမှ logic နဲ့ ပြန်ညှိတာ

သင်ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုပါစို့။ အင်္ကျီဝယ်တာပဲ ဖြစ်ဖြစ်၊ ကားဝယ်တာပဲဖြစ်ဖြစ်၊ အိမ်ဝယ်တာပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ သင်ဘာကြောင့် အဲ့ဒီ ပစ္စည်းကို ဝယ်ချင်တာလဲ။ ဘာကြောင့် အဲ့ဒါကို ပိုင်ဆိုင်ချင်ရတာလဲ။
သေချာစဉ်းစားကြည့်ပါ။ အမျိုးမျိုး အဖြေတွေ ပေးနိုင်ပါတယ်။ အဖြေကတော့ သင်ရဲ့ခံစားချက်ကို ဝယ်တာပါ။ ဒီပစ္စည်းကို ဝယ်လိုက်လို့ တစ်ခြားသူတွေကို ကူညီဖို့၊ ငါ ဒါမဝယ်ရင် ဒါမရှိရင် လူကပ်ရီမှာ ရှက်လို့၊ ငါ့မှာ ဒါမပိုင်ရင် လူအထင်သေးမှာ ကြောက်၊ ဒါဝယ်လိုက်တဲ့အတွက် လွတ်လပ်မှု ခံစားရတယ် စတဲ့ အကြောင်းပြချက်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဘယ်လို အကြောင်းပြချက်မျိုးပဲဖြစ်ဖြစ် အားလုံးဟာ စိတ်ခံစားမှု အကြောင်းပြချက်တွေ ဖြစ်တယ်။ ဒါဆိုရင် သင်တစ်ခုခု ရောင်းတဲ့အချိန် စဉ်းစားကြည့်ပါ။ features တွေ benefits တွေကိုပဲ ပြောနေလား။ စိတ်ခံစားမှု ခလုတ်လေးတွေ ထည့်ရဲ့လား။

ကြော်ငြာအတတ်ပညာ၊ ကြော်ငြာအသိပညာ ဖွေရှာပါ


၂။ လူတွေက သူတို့ ပြဿနာတစ်ခုခုကို ဖြေရှင်းချင်လို့ ဝယ်တာ

လူတွေက သူတို့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အရာကို ဝယ်ယူပါတယ်။ သူတို့ပြဿနာကနေ လွတ်မြောက်ဖို့ ကူညီပေးနိုင်တဲ့အရာတွေကို ဝယ်ယူပါတယ်။ သင့်ရဲ့ product ဒါမှမဟုတ် service က ဘယ်ပြဿနာတွေကို ဖြေရှင်းပေးနေတာလဲ။ လူတွေရဲ့ ဘယ်လိုပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးနေတာလဲ ဆိုတာကို သေချာနားလည်ဖို့ လိုပါတယ်။


၃။ လူတွေက ပစ္စည်းတွေ ဝယ်တာမဟုတ်ဘူး။ ပုံပြင်တွေဝယ်တာ

ရွေးချယ်စရာတွေ ပေါများတဲ့ ဈေးကွက်ကြီးထဲမှာ ရာပေါင်း ထောင်ပေါင်းများစွာသော products တွေ၊ services တွေ ရှိတယ်။ ဒါတွေထဲကမှ သင့်ရဲ့ product ဒါမှမဟုတ် service ကို ပေါ်လွင်ကွဲပြားအောင် ဘယ်လိုလုပ်မလဲ။ သင့်ရဲ့ product or service မှာ ပုံပြင်တွေ ထည့်ရပါမယ်။ Facts tell, Stories sell အချက်အလက်တွေက ပြောရုံပဲရှိပါတယ်။ ပုံပြင်တွေကမှ ရောင်းပါတယ်။


ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့ product ဒါမှမဟုတ် service တွေကို ဘယ်လိုလူကတော့ ဘယ်လိုပစ္စည်းမျိုးကို ကြိုက်တယ်၊ ဘယ်လိုလူကတော့ဖြစ် မကြိုက်ဘူး သုံးသပ်လို့ ရနိင်မှာပဲဖြစ်ပါတယ်။


Source; DreamLab

Myanmar Advertising Directory