<<< Unicode >>>
ဒီဂျစ်တယ် မားကတ်တင်းရဲ့ အမှောင်ဘက်
---------------------------
ကမ္ဘာ မီးလောင် သားကောင် ချနင်း ဆိုသလို တချို့ တချို့ သော လူတွေက ကိုယ့် Product ကို ကြော်ငြာ ချင်ပေမဲ့ အခြား ပြိုင်ဘက်ကို မသိမသာ ထိုးချ မှ ရတဲ့ ကြော်ငြာ နည်းလမ်းတွေ ရှိနေတာကို ရိပ်ကဲ မိ လာတယ် ။
ဒီနည်းလမ်းတွေက ကောင်းမွန်တဲ့ နည်းလမ်းလား ဆို တော့ကား မဟုတ်ပေမဲ့ ကိုယ့် Cosumers တွေရဲ့ ယုံကြည် မှု့ ကို ရဖို့ Brand Building ခြေလှမ်း တစ်ခု အတွက် အခြား သူတွေရဲ့ Brand တွေကို ချ နင်း ပြစ်တော့ တာပဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ ချနင်း မလဲ ??? တကယ်လို့ သင်က မိတ်ကပ် Product တစ်ခု ထုတ်တယ်ထား သင့် ပြိုင်ဘက်က လည်း သင့် နည်းတူ မိတ်ကပ် Product တစ်ခု ထုတ်တယ်။
သင့်အနေနဲ့ Digital Marketing ကို ဟိုဘက်ပြိုင်ဘက် Brand နဲ့ တန်းတူ လုပ်နေပေမဲ့ သိသိသာသာ တိုးတက်မှု့ ရှိမလာ ဘူး လူတွေက သင့် ပြိုင်ဘက် Product ကို အာရုံ ရနေပြီဆိုပါစို့
သင့် အနေနဲ့ ပထမဦးစွာ နာမည် အသင့် အတင့် ရှိတဲ့ Page တစ်ခု ဖြစ်အောင်တည်ဆောက်ပြီး ထို Product မကောင်း ကြောင်း တင်ကာ လူတွေယုံကြည်မှု့ နည်း အောင်လုပ်ပြစ်တာမျိုးပေါ့
ထို့ အတူ အကောင့် အတု တွေဖွင့် ပြီး ကိုယ့် ပြိုင်ဘက် Product ရဲ့ မကောင်းကြောင်းရေး ပြီး Social Media မှာ ဖြန့် ပြစ်မယ် ဒါဆိုရင် ပြိုင်ဘက် အနေနဲ့ နာမည်ပျက်မယ် ကိုယ့် Brand ဘက်ကို လူတွေအာရုံစိုက်မှု့ ပိုရလာမယ်ပေါ့။
နိုင်ငံခြား မှာ တစ်ခါဖြစ်ဖူးတယ် Popeyes စားသောက်ဆိုင်က အစားအစာ တစ်ခုမှာ လောက်ကောင်ပါလာတယ်ဆိုပြီး နာမည်ဖျက်တာ မျိုးပေါ့၎င်းနဲ့ အပြိုင် အခြားစားသောက်ဆိုင်လုပ်ငန်းတစ်ခုက Social Media ပေါ် နာမည် ဖျက်ခဲ့တာပဲ။
အခု ဒီကိစ္စ တွေကို Facebook က တော်တော်များများ ရိပ်ကဲ မိလာပြီ အထာပေါက်လာပြီ ပြောရမယ် ၊ ၎င်းတို့ အနေနဲ့ မြန်မာ နိုင်ငံကို လည်းစောင့် ကြည့် နေတော့ မယ်ပုံပဲ။
စောင့် ကြည့် ဆိုလို့ တစ်ခု ပြောပြရအုံးမယ် လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက် ကာလ အပိုင်း အခြား က Facebook ပေါ် မှာ ရုပ်ရှင် Review ရေးတဲ့ Page တွေခေတ်စားတယ်
ထို Page တွေ မှာ ပြဿနာက Warner Bros. ( WB ) တို့ ဘာတို့ က ရုပ်ရှင်ကြော်ငြာတွေကို ယူတယ် ၎င်းတို့ ငွေကြေး ရယူထားတဲ့ မြန်မာ Brand တွေရဲ့ Product ကြော်ငြာ တွေကို ထည့် တယ် ပေါ့နော် ပြီး ၎င်းတို့ Page မှာ ပြန်တင်တယ်။
နောက်တစ်ခုက ရုပ်ရှင်တစ်ကား ရဲ့ Review ကို လူတွေမကြည့် ချင်တော့ လောက်အောင် အပုဒ်ချ ရေး တာမျိုးတွေတွေ့လာရတယ်။သိပ်မကြာ ပါဘူး ထို ရုပ်ရှင်အကြောင်းရေးတဲ့ Page တွေပျက်ကုန် ကျတယ်။
ဒီနေရာ မှာ အသိတရား တစ်ခုက ဘာရလိုက်သလဲဆို Facebook က တကယ်စောင့် ကြည့် နေတယ်ဆိုတာပဲ။Facebook အနေနဲ့ Digital Marketing ဆိုင်ရာ မူ့ခင်းဖော်ဆောင်ရေး အဖွဲ့ သီးသန်ရှိသည်။
Social Media သုံးပြီး ဈေးကွက်မြှင့်တင်ရေး ကိစ္စ တွေ မှာ ယနေ့ခေတ်မှာ ခေတ်စားလာသလို Brand တစ်ခု နဲ့ တစ်ခု လှည့် ကွက်တွေနဲ့ Brand တည်ဆောက်ဖို့ ခေတ်ခဲအောင်ပါ ထိုးနှက်တာပါ။
ယခုအခါမှာတော့ အဆိုပါကိစ္စ ရပ်တွေအတွက် နည်းလမ်းထွက်ပေါ် လာပါပြီ ၊ Facebook ကိုယ်တိုင်ကလည်း ကျပ်မတ် နေပြီလို့ သိရပါတယ်။
Myanmar Advertising Directory