ဖတ်ပြီးသွားရင်တော့ သင့်ရဲ့ အဆင်မပြေမှုတွေက သိပ်အရေးမပါဘူးဆိုတာ သင်သိသွားပါလိမ့်မယ်။
Admin နဲ့အတူ ဒီစာလေးကို ဖတ်ပြီး အဆင်မပြေမှုတွေကို Goodbye လို့ နှုတ်ဆက်လိုက်ပါတော့...
Admin ရေးရကျိုးနပ်အောင် အဆုံးထိတော့ ဖတ်ကြည့်ပေးပါ...တစ်ခုခုတော့ ရသွားမယ်လို့ထင်ပါတယ်နော်...
Amitabh Bachchan
Amitabh Bachchan ဆိုတဲ့ အိန္ဒိယမင်းသားကြီးကို သိကြမယ်ထင်ပါတယ်။
သူဟာ အသံမကောင်းလို့ All India Radio က အလုပ်မခန့်ခဲ့ပါဘူး။
ဒါပေမဲ့ သူဟာ ကမ္ဘာကျော် မင်းသားကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
သူသာ All India Radio မှာ အလုပ်ရခဲ့မယ် ဆိုရင် ကမ္ဘာကျော်ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်လာမှာ မဟုတ်လောက်ဘူးထင်တယ်နော်...
Stallone
Stallone ရယ်လို့ ပရိတ်သတ်ကို သိစေခဲ့တဲ့ ဇာတ်ကားကတော့ Rocky ဆိုတဲ့ ဇာတ်ကားပါ။
ဒါပေမယ့် ပရိတ်သတ်အများစုမသိသေးတဲ့ ကျော်ကြားခြင်းရဲ့ နောက်ကွယ်မှာတော့...သူဟာ ဒီ Rocky ဇာတ်ညွှန်းကို အကြိမ် ၁၅၀၀ တိုင်တိုင် ငြင်းပယ်ခံခဲ့ရတာပါတဲ့။
ဒါပေမဲ့ အဲ့ဒီ ငြင်းပယ်ခံရတဲ့ ဇာတ်ကားနဲ့ပဲ သူနာမည်ကျော်လာခဲ့တာပါ။ ဒါကတော့ သူ့ရဲ့ ဇွဲကြောင့်လို့ပဲ ပြောရမှာပါဗျာ နော့...
ကျွန်တော်တို့ကို အလင်းရောင်ပေးခဲ့တဲ့ Edison ကတော့ လျှပ်စစ်မီးလုံးလေးတစ်လုံး အောင်မြင်ဖို့ နည်းလမ်းပေါင်း တစ်သောင်းလောက် စမ်းသပ်ခဲ့ရတာတဲ့နော်...
ဒါကြောင့် ကျရှုံးခြင်းကလည်း အောင်မြင်စေဖို့ လမ်းစတစ်ခုဆိုတာသင်မမေ့ပါနဲ့...
K Rowling
Harry Potter ဇာတ်လမ်းတွဲကို ရေးတဲ့ စာရေးဆရာမ K Rowling ဟာ ဒီဇာတ်လမ်းကို ရိုက်ရဖို့အတွက် ထုတ်ဝေသူဆီကနေ ၁၂ ကြိမ်တိုင်တိုင်ကို ငြင်းပယ်ခံခဲ့ရတာပါတဲ့နော်...
Bill Gates
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Bill Gates ကတော့ အတန်းပညာကိုတောင် ဆုံးခန်းတိုင်အောင် သင်ခဲ့ရတဲ့သူမဟုတ်ပါဘူး။
ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတော့ ဖြစ်လာပါတယ်ဗျာ...
Tony Blair
ဗြိတိန်ရဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ Tony Blair ကို ကျောင်းတုန်းက ဆရာတွေက အရှုံးသမားလို့ ခေါ်တာ ခံခဲ့ ရတာပါ။
ဒါပေမယ့် သူတို့ အရှုံးသမားလို့ ခေါ်ခဲ့တဲ့ ကျောင်းသားလေးက ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုတာ ဘယ်သူကထင်မှာလဲ...
ကဲ သင်တို့တွေ ငြင်းပယ်ခံရလဲ စိတ်ဓာတ်မကျနဲ့တော့နော်... အဓိက ကဇွဲမလျှော့ပဲ ကြိုးစားရမှာ က သင့်တာဝန်ပဲလေ...
Recommended for you-Perfect မဖြစ်ဘူးဆိုတာနဲ့ သင့်ရဲ့ အိမ်မက်တွေကို ဖျက်စီးတော့မလို့လား?
PES
Myanmar Advertising Directory