Digital Marketing

တကယ့်ကို ရွေးချယ်စရာ မရှိခဲ့တာ အမှန်ပါ

Read 2576 times
တကယ့်ကို  ရွေးချယ်စရာ မရှိခဲ့တာ အမှန်ပါ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံရှိ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ဈေးရောင်းကြသူများသည်တရုတ်အစိုးရက အမျိုးသမီးမော်ဒယ်များကို ပိတ်ပင်လိုက်ပြီးနောက် အတွင်းခံ အဝတ်စားများအတွက်  အမျိုးသားမော်ဒယ်များကို ပြောင်းလဲ သုံးစွဲလိုက်ကြသည်။

 

အတွင်းခံရောင်းချသူတစ်ဦးသည် ယမန်နှစ် ဒီဇင်ဘာလတွင် ၎င်း၏ အမျိုးသမီးမော်ဒယ်များကို  အမျိုးသားမော်ဒယ်များနှင့် အစားထိုးပြီး စတင်အသုံးပြုခဲ့သည်။

အပြောင်းအလဲမှာ ကိုးရိုးကားရားနိုင်လှသည်မှာ မှန်သော်လည်း အလုပ်ဖြစ်ဖို့က အဓိက ဖြစ်သဖြင့် အခြားလုပ်ငန်းများလည်း အလားတူပင် အမျိုးသမီးမော်ဒယ်များအစား အမျိုးသားမော်ဒယ်များနှင့် အစားထိုးပြီး အွန်လိုင်းမှာ ကြော်ငြာကြသည်။

 

 e-commerce လုပ်ငန်းရှင် Xu က အမျိုးသားမော်ဒယ်များ သုံးရသည်မှာ "တကယ့်ကို  ရွေးချယ်စရာ မရှိခဲ့တာ အမှန်ပါ'' ဟု Jiupai News သို့ ပြောကြားသည်။ အမျိုးသမီးမော်ဒယ်များကို သုံးခွင့် ရတော့မည်မဟုတ်ဟု သူက ပြောကြားသည်။

 

photo_2023-03-14_19-18-13.jpg

 

တရုတ်အင်တာနက်သုံးစွဲသူအများစုသည် မကြာသေးမီက ခေတ်စားလာသော အပြောင်းအလဲကို  သဘောကျ ရယ်မောခဲ့ကြသည်။

 

"ယောကျာ်း‌လေးက မိန်းကလေးထက် ဝတ်တာ ပိုတော်တယ်" ဟု မှတ်ချက်ပြုကြသည်။

 

အမျိုးသမီးအတွင်းခံကို အရှိအတိုင်း တိကျစွာပုံဖော်ရန် ဖက်ရှင်မောင်များကို အသုံးပြုခြင်းသည် ပိုမိုကောင်းမွန်သည့်ရွေးချယ်မှု ဖြစ်နိုင်သည်ဟု ယူဆသူများလည်း ရှိပါသည်။

 

အချို့က ထိုလမ်းကြောင်းသည် “အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံး‌ေစခြင်း” ဟု ယူဆကြသည်။ ထိုအယူအဆကို Mr Xu က တုံ့ပြန်ပြောကြားခဲ့သည်။

 "ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ဒါရိုက်တာတော်တော်များများက အမျိုးသမီးတွေပဲ၊ သူတို့က ယောက်ျား‌ေတွ ရမယ့်အလုပ်တွေကို ခိုးယူတာလို့ ပြောရမှာလား"

 

အကယ်စင်စစ် အမျိုးသား မော်ဒယ်လ်က အမျိုးသမီး ထုတ်ကုန်များ ကြော်ငြာခြင်းသည် အရင်ကတည်းက ရှိနှင့်ပါသည်။

၏ ခေတ်ရေစီးကြောင်းသည် မကြုံစဖူး ဖြစ်သော်လည်း၊

 

စီချွမ်မှ အသက် ၄၁ နှစ်အရွယ်  Wu Nan သည် ၎င်း၏ကိုယ်ပိုင် ဒေါက်မြင့်ဖိနပ်အမှတ်တံဆိပ်ကို မော်ဒယ်လုပ်ပြီး ကြော်ငြာခဲ့ရာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါသည်။

အလားတူပင် တရုတ်နိုင်ငံ၏ “နှုတ်ခမ်းနီဘုရင်” အသက် ၂၈ နှစ်အရွယ် ဩဇာရှင် Austin Li Jiaqi  သည် နှုတ်ခမ်းနီအတွက် မော်ဒယ် လုပ်သည်။ ဇိမ်ခံပစ္စည်းများ ကြော်ငြာသည်။ ထို့အတွက် နာမည်ကြီးသူ တစ်ဦး ဖြစ်ပါသည်။

 

ut

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U