Business Marketing

အဟန္႔အတား၊ ျပႆနာေတြက ေအာင္ျမင္ဖုိ႔အတြက္ လုိအပ္ခ်က္ပါ

Read 3671 times
အဟန္႔အတား၊ ျပႆနာေတြက ေအာင္ျမင္ဖုိ႔အတြက္ လုိအပ္ခ်က္ပါ

ျပႆနာလို႔ ေျပာလိုက္တာနဲ႔ လက္ေလွ်ာ့အရွံဳးေပးခ်င္ေနၿပီလား။ ဘယ္ေတာ့မွအရွံုးမေပးပါနဲ။ ဘာလို႔ဆို ေနာက္တစ္ႀကိမ္ေလးႀကိဳးစားလိုက္ရံုနဲ႔ ေအာင္ျမင္ႏုိင္တယ္ဆိုတာ က်ြန္ေတာ္တုိ႔ ႀကိဳမသိႏိုင္ဘူးေလ။

ပညာရွိအေတြးအေခၚဆရာတစ္ဦးက လင္းယုန္ငွက္တစ္ေကာင္အတြက္ အရွိန္ျမန္ျမန္နဲ႔  သက္ေသာင့္ သက္သာ ပ်ံသန္းႏိုင္ဖို႔ အဓိကအဟန္႔အတားက ေလျဖစ္တယ္လုိ႔ မွတ္ခ်က္ခ်ဖူးပါတယ္။ တကယ္လို႔သာ ေလေတြဆြဲထုတ္ခံရၿပီး ငွက္ကိုေလဟာနယ္ထဲမွာ ပ်ံသန္းခိုင္းၾကည့္မယ္ဆုိရင္ ေျမႀကီးေပၚ ခ်က္ခ်င္း ျပဳတ္က်လာမွာ ျဖစ္ပါတယ္။  ဒါကိုၾကည့္ရင္ ပ်ံသန္းဖုိ႔အခုအခံျဖစ္တဲ႔ေလကပဲ တစ္ခ်ိန္တည္းမွာ ပ်ံသန္းေစဖို႔ လုိအပ္ခ်က္ျဖစ္ပါတယ္။

Read-အေနအထားသံုးမ်ိဳးနဲ႔တည္ရွိေနႏုိင္တဲ႔ လူေတြ

အဟန္႔အတားဆိုတာ ေအာင္ျမင္ဖို႔အတြက္လိုအပ္ခ်က္တစ္ခုပါ။ အဟန္႔အတား၊ ျပႆနာ ၊ အခက္အခဲေတြ မရွိတဲ႔ဘ၀ဟာ ေအာင္ျမင္ႏုိင္ဖုိ႔ အလားအလာေတြကုိ ေလွ်ာ့ခ်ပစ္ႏုိင္ၿပီး ႀကိဳးစားအားထုတ္ခ်င္စိတ္ေတြကို လည္းသုညအထိက်ဆင္းေစႏုိင္ပါတယ္။

က်ြန္ေတာ္တို႔အားလံုးဟာ က်ြန္ေတာ္တို႔ဘ၀ေတြမွာ ျပႆနာေတြနဲ႔ တာ၀န္ေတြကို ေရွာင္ရွားခ်င္လိုတဲ့စိတ္ေတြ ျဖစ္ေပၚေလ့ရွိပါတယ္။ ဒီလိုေတြႀကံဳေတြ႔ရတဲ့အခါ အထီးက်န္ေနတဲ႔လူငယ္ေလးကုိ ေမးခြန္းေမးတဲ့ လူငယ္ေလးတစ္ဦးကို သတိရလိုက္ပါ။

လူငယ္ေလးက အဘိုးအိုကုိေမးတယ္။

“ဘ၀မွာ အေလးလံဆံုး၀န္ထုပ္၀န္ပိုးက ဘာလဲအဘိုး”

အဘိုးအိုက ေၾကေၾကကြဲကြဲျပန္ေျဖတယ္။

“ဘာတစ္ခုမွ သယ္စရာမရွိတာေပါ့ကြာ”

ကိုယ့္ျပႆနာေတြက ကိုယ့္ကိုပိုၿပီးႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မွဳ၊ တီထြင္ႏုိင္မွဳ၊ ႀကိဳးစားအားထုတ္ႏုိင္တဲ့ အားအင္ေတြဆီ အၿမဲအေရာက္ပို႔ေပးႏုိင္ပါတယ္။

Source; Democracy Today

ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။

Link  -Jobs Board

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Unicode Version

ပြဿနာဆိုတာနဲ့ ကျွန်တော်တို့ လုပ်စရာနှစ်ခုပဲရှိပါတယ်။ ဒါကတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမလား၊ ဝေဖန်ပြစ်တင်ပြောဆိုနေမလား ဒီနှစ်ခုပဲရှိပါတယ်။
ပြဿနာတွေကို လာခွင့်ပြုခြင်းဟာ ကျွန်တော်တို့ရဲ့ဘဝအခြေအနေတစ်ခုကို ပြောင်းလဲစေနိုင်ပြီး ပို၍ အဓိပ္ပာယ်ပြည့်စုံစေပါတယ်။ ပြဿနာဆိုတာကြီးကို မဟာတံတိုင်းတစ်ခုလိုယူဆပြီး ဘာမှမလုပ်ရင်တော့ ကျွန်တော်တို့ဟာ ဘာမှဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။
ပြဿနာလို့ ပြောလိုက်တာနဲ့ လက်လျှော့အရှုံးပေးချင်နေပြီလား။ ဘယ်တော့မှအရှံုးမပေးပါနဲ။ ဘာလို့ဆို နောက်တစ်ကြိမ်လေးကြိုးစားလိုက်ရုံနဲ့ အောင်မြင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ ကြိုမသိနိုင်ဘူးလေ။
ပညာရှိအတွေးအခေါ်ဆရာတစ်ဦးက လင်းယုန်ငှက်တစ်ကောင်အတွက် အရှိန်မြန်မြန်နဲ့ သက်သောင့် သက်သာ ပျံသန်းနိုင်ဖို့ အဓိကအဟန့်အတားက လေဖြစ်တယ်လို့ မှတ်ချက်ချဖူးပါတယ်။ တကယ်လို့သာ လေတွေဆွဲထုတ်ခံရပြီး ငှက်ကိုလေဟာနယ်ထဲမှာ ပျံသန်းခိုင်းကြည့်မယ်ဆိုရင် မြေကြီးပေါ် ချက်ချင်း ပြုတ်ကျလာမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ပျံသန်းဖို့အခုအခံဖြစ်တဲ့လေကပဲ တစ်ချိန်တည်းမှာ ပျံသန်းစေဖို့ လိုအပ်ချက်ဖြစ်ပါတယ်။
အဟန့်အတားဆိုတာ အောင်မြင်ဖို့အတွက်လိုအပ်ချက်တစ်ခုပါ။ အဟန့်အတား၊ ပြဿနာ ၊ အခက်အခဲတွေ မရှိတဲ့ဘဝဟာ အောင်မြင်နိုင်ဖို့ အလားအလာတွေကို လျှော့ချပစ်နိုင်ပြီး ကြိုးစားအားထုတ်ချင်စိတ်တွေကို လည်းသုညအထိကျဆင်းစေနိုင်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ဘဝတွေမှာ ပြဿနာတွေနဲ့ တာဝန်တွေကို ရှောင်ရှားချင်လိုတဲ့စိတ်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုတွေကြံုတွေ့ရတဲ့အခါ အထီးကျန်နေတဲ့လူငယ်လေးကို မေးခွန်းမေးတဲ့ လူငယ်လေးတစ်ဦးကို သတိရလိုက်ပါ။
လူငယ်လေးက အဘိုးအိုကိုမေးတယ်။
“ဘဝမှာ အလေးလံဆုံးဝန်ထုပ်ဝန်ပိုးက ဘာလဲအဘိုး”
အဘိုးအိုက ကြေကြေကွဲကွဲပြန်ဖြေတယ်။
“ဘာတစ်ခုမှ သယ်စရာမရှိတာပေါ့ကွာ”
ကိုယ့်ပြဿနာတွေက ကိုယ့်ကိုပိုပြီးကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု၊ တီထွင်နိုင်မှု၊ ကြိုးစားအားထုတ်နိုင်တဲ့ အားအင်တွေဆီ အမြဲအရောက်ပို့ပေးနိုင်ပါတယ်။
Source; Democracy Today