သင့်မှာ ဖြစ်နိုင်တဲ့ အင်အားတွေ ဘယ်နားသွားထားမှာလဲ?
ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုသာ မွေးကြည့်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သင့်ဆီမှာ မိမိဖြစ်ချင်တဲ့ ဆန္ဒနဲ့ အတူ ယုံကြည်ချက်တွေရှိနေမယ်ဆိုရင် သင်အောင်မြင်ဖို့ အရင်းအနှီး မရှိလည်း နိယာမကြီး တစ်ခုရှိနေလို့ပါပဲ။
သင်ဟာ ဘယ်လိုအခြေအနေမှာ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ၊ မိမိယုံကြည်ချက်ကြီးတစ်ခုကိုသာ မြဲမြဲကြီး ဆုပ်ကိုင်ထားပါ။
သင်ဟာ ယုံကြည်ချက် သံတိုင်ကြီးဆုပ်ကိုင်ထား၍ သင်လိုချင်တာတွေကို သင့်လုပ်ဆောင်နိုင်စွမ်း တွေနဲ့ ပုံဖော်ထုဆစ်လို့ရပါတယ်။
သင့်ဆီမှာ ဘာအရင်းအနှီးမှ မရှိလို့ စိတ်မညစ်နဲ့။ ပြီးပြည့်စုံခြင်း ဆိုတဲ့ အရာနဲ့ ဘယ်သူမှ မထိတွေ့နိုင်ဘူး။ အနီးစပ်ဆုံးကို သာလုပ်ယူနေကြတာပါ။
ဒါကြောင့် သင့်မှာ ယုံကြည်ချက်တွေ ရှိနေလေလေ ပြီးပြည့်စုံခြင်းတွေနဲ့ အနီးကပ်ဆုံးရောက်ဖို့ အားကောင်းလေပါပဲ။
အချိန်တိုင်းမှာ မိမိယုံကြည်ချက်တွေ အသက်ဝင်အောင်လုပ်ဆောင်နိုင်ဖို့ တက်ကြွနေပါ။
အချိန်တွေကို ဘာမှမလုပ်ပဲ ကုန်ဆုံးနေတာ ထပ်စာရင် မိမိယုံကြည်ချက်တွေကို လုပ်နိုင်စွမ်း ရှိသလောက်လုပ်ပြီး ထုဆစ်ပုံဖော်နေတာက အောင်မြင်မှုရဖို့ အနီးစပ်ဆုံးပါ။
ဒါကြောင့် စိတ်ဓာတ်တွေကို အမြင့်မှာ ပျံဝဲနေပါစေ။ ယုံကြည်ချက်တွေကို ဘယ်လိုပဲကာဆီးခံနေရပါစေ၊ လုပ်ဆောင်ခြင်းတွေနဲ့ ဝမ်းစာဖြည့်နေပါစေ။
ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် နှစ်ခုပေါင်းပြီး ကြိုးစားပါ။ သင်ဟာ အောင်မြင်သူဖြစ်ဖို့ အနီးစပ်ဆုံးလူပါလို့ အကြံပေးလိုက်ပါရစေနော်...။
Recommended for you-ယုံကြည်မှုပြင်းထန်လွန်းတဲ့ Henry Ford
Credit;(YGTL)
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်းထွက်ရှိ လာပါပြီနော်...။
