Digital Marketing

ပိုမို ခေတ်စားလာနိုင်တဲ့ Digital Advertising နည်းများ

Read 2820 times
ပိုမို ခေတ်စားလာနိုင်တဲ့ Digital Advertising နည်းများ

ဒီလိုကြော်ငြာခြင်းဟာ ကုန်ကျစရိတ် သက်သာစေတဲ့အပြင် အချိန်ခဏလေးအတွင်းမှာ လူပေါင်းများစွာဆီ ပျံ့နှံသွားစေပြီး မိမိရဲ့ စီးပွားရေးလုပ်ငန်းကို အထိရောက်ဆုံး ကြော်ငြာတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်တာကြောင့် အကောင်းဆုံးသော ကြော်ငြာချန်နယ် တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၁၉ ခုနှစ်မှာ ဘယ်လို Digital Advertising တွေ ပိုမို ခေတ်စားလာနိုင်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Google နဲ့ Facebook Ads

Google နဲ့ Facebook က ဆက်လက် ခေတ်စားနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပမာ Amazon ကို ကြည့်ပါ။ သူဟာ Google နဲ့ Facebook ကနေတဆင့် ကြော်ငြာပြီး တစ်ကမ္ဘာလုံးကို ထုတ်ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ eCommerce တစ်ခု ဖြစ်ပါတယ်။

Google Ads နဲ့ Facebook Ads ဘယ်ချန်နယ် သုံးသင့်လဲ...?  

Instagram Ads

Facebook, Instagram နဲ့ Whatsapp တွေမှာ တင်တဲ့ Stories ပေါင်းဟာ နေ့စဉ် ၁ ဘီလီယံခန့် ရှိနေတယ်လို့ ဖေ့ဘုတ်ခ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အဲဒီထဲကမှ Instagram မှာ တင်တဲ့ပို့စ်တွေဟာ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်လာတာကြောင့် ၂၀၁၉ မှာ ခေတ်စားဦးမှာပါ။

Chat Bot နဲ့ Messenger Ads

ဒီနှစ်အတွင်းမှာပဲ Chat Bot နဲ့ Messenger ကို အသုံးချပြီး မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ကြော်ငြာတွေ လုပ်ဆောင်လာကြတာ သိသိသာသာကို များလာတာ သတိထားမိကြမှာပါ။ ဒါကြောင့် ရှေ့ဆက်ပြီး အရှိန်ဆက်ကောင်းဦးမယ်လို့ မျှော်မှန်းလို့ ရပါတယ်။

eCommerce များ

အားလုံးသိတဲ့အတိုင်း ၂၀၁၈ ခုနှစ်ကတော့ Amazon ရဲ့နှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ eBay, Walmart, Alibaba, Baidu နဲ့ Tencent ဆိုတဲ့ eCommerce တွေဟာလည်း ဒီနှစ်အတွင်း ကြော်ငြာနဲ့ပတ်သတ်ပြီး တော်တော် နာမည်ရခဲ့ပါတယ်။ ဒီလိုမျိုး eCommerce တွေဟာ လာမယ့်နှစ်မှာ ကြော်ငြာချန်နယ်တွေအဖြစ် ပြောင်းလဲပြီး တဆန်းသစ်လာဦးပါ။

Influencers

အခုဆို မြန်မာနိုင်ငံမှာလည်း Social Influencers တွေကို ကြော်ငြာချန်နယ် တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဒါဟာလည်း အကုန်အကျသက်သာပြီး ထိရောက်တာကြောင့် စီးပွားရေးလုပ်ငန်း တော်တော်များများ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ၂၀၁၉ ကို ဆက်ပါသွားဦးမှာ အသေအချာပါပဲ။

FourthSource.com

Translate by Su Mon Oo