Tips

Digital Branding နည်းလမ်း ၃ သွယ်

Read 1724 times
Digital Branding နည်းလမ်း ၃ သွယ်

 

‌ပြီးမှ သူတို့ရှိတဲ့ Platform (ဥပမာ-Instagram,Youtube,Snapchat,Linkedln,Pinterest,Twitter,etc;) တို့မှာ ကိုယ့်ရဲ့ Branding ကိုဆောင်ရွက်ကြဖို့ ထပ်ပြီးသတိပေးပါရစေနော်။ခုတော့ Social Media ပေါ်မှာ Branding လုပ်ဖို့ နည်းလမ်း (၃) မျိုးအကြောင်းပြောကြမယ်နော်။

 

Social Media ပေါ်မှာ Branding လုပ်မယ်ဆိုရင် ပထမဆုံးအချက်က Consistent ဖြစ်ရပါ့မယ်။ဒါကတော့ ရှင်းပါတယ်-ဥပမာ ပေးရမယ်ဆိုရင် တချို့တွေ Facebook မှာ Page ထောင်လိုက်တယ်။ပို့စ်တစ်ခုတင်တယ်။ audience က စိတ်ဝင်စားလို့ သိချင်တာမေးတယ်။

 

ပြန်မဖြေဘူး၊ ဘာမှလည်း response မရှိဘူးဆိုရင် audience ဘက်ကနေ စဉ်းစားကြည့်ပါ။ ဒီ Brand အပေါ် သူဘယ်လိုထင်မြင်ယူဆသွားမလဲ။ကိုယ့်အနေနဲ့ ဒီ Platform ကနေ Branding လုပ်ဖို့သေချာရွေးပြီးပြီဆိုရင် ဒီ channel မှာ consitency ရှိရပါမယ်။

 

Content Calendar တစ်ခုဆွဲထားပြီး ဘယ်နေ့ဘယ်အချိန်မှာ ဘယ်အကြောင်းအရာတင်မယ်ဆိုတာ သေချာမှတ်ထားရပါမယ်။ဒါ့အပြင် audience ကမေးသမျှကို ဖြေနိုင်ဖို့၊ ကိုယ် Brand နဲ့ပတ်သတ်ပြီး သတင်းအချက်အလက်အစုံကို audience ဆီ အချိန်နဲ့ တပြေးညီပေးနိုင်ဖို့ ဆောင်ရွက်ရပါမယ်။

 

ကိုယ်ရွေးလိုက်တဲ့ Platform မှာ ကိုယ့် Brand ကို audience က တွေ့မြင်နေကျဘော်ဒါတစ်ယောက်လို၊ သူ့အကြောင်း ကိုယ့်အကြောင်း အကုန်သိပြီး ရင်ဘတ်ချင်းရင်းနှီးနေတဲ့ သူတစ်ယောက်လို ခံစားရတဲ့ ထိကို ဆောင်ရွက်နိုင်ရပါမယ်။

 

ဒုတိယအချက်ကတော့ Measure & Analyze လုပ်ရပါမယ်။Social Media Campaign တွေရဲ့ အောင်မြင်မှုကို Like,Follower အရေအတွက်နဲ့တိုင်းတာလို့မရပါဘူး။ကိုယ့်ရဲ့ ပို့စ်မှာ Engagement ဘယ်လောက်ရှိတယ်၊ လူဘယ်နှစ်ယောက်က သဘောကျလို့ Share သွားတယ်ဆိုတာကသာ ပို့စ်တစ်ခုရဲ့ အောင်မြင်မှုဖြစ်ပါတယ်။

 

ကိုယ့်ရဲ့ ဘယ်လိုပို့စ်မျိုးမှာ Engagement အများဆုံးရတယ်ဆိုတာ Analyze လုပ်ပြီး အလားတူပို့စ်တွေ ဖန်တီးခြင်းအားဖြင့် Engagement မြင့်အောင် ဆောင်ရွက်နိုင်ပါတယ်။

 

နောက်ဆုံးအချက်ကတော့ ...ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ တွေ့ဖို့လည်း အသင့်ဖြစ်နေပါစေSocial Mediaဆိုတာ ယနေ့ခေတ်မှာ လူတွေအတွက်ထွက်ပေါက်တစ်ခုပါ။audience က ကိုယ့် Brand နဲ့ပတ်သတ်ပြီး သူမကြိုက်တာတွေ သူ့အမြင်တွေကို ဆန္ဒရှိသလိုချပြမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

အဲ့ဒီတော့ ကိုယ့် Brand အနေနဲ့ ပတ်သတ်ပြီး သူမကြိုက်တာတွေ၊ သူ့အမြင်တွေကို ဆန္ဒရှိသလို ချပြမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီတော့ ကိုယ့် Brand အနေနဲ့ ဘယ်လို Response မျိုးပေးမလဲဆိုတာ အရေးကြီးပါတယ်။မမျှော်လင့်ထားတဲ့ crisis တွေ complaint တွေအတွက် guidelines တွေကြိုတင်ပြင်ဆင်ထားမှသာ ကိုယ့် Brand Image ကိုမထိခိုက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

အနည်းဆုံးတော့ audience ကို သူတို့ရဲ့ feedback အတွက်ကျေးဇူးတင်ကြောင်း၊ အဆင်မပြေမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ပြဿနာတွေကို သိရှိပြီ ဖြစ်တဲ့ အတွက်အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း စသဖြင့် အကြောင်းပြန်ပေးခြင်းအားဖြင့် ကိုယ့် audience နဲ့ ကောင်းမွန်တဲ့ Relationships တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

 

ဒီနေ့ခေတ်မှာ ကိုယ့် Brand က Social Platform မှာ ရှိမနေခြင်း၊ ဒါမှမဟုတ် Platform ပေါ်မှာရှိနေတဲ့ ကိုယ့် audience တွေကို ကောင်းကောင်း engage မလုပ်နိုင်ခြင်း ဟာ ပြိုင်ဖက်တွေနဲ့ယှဉ်တဲ့ အခါ ကိုယ့် Brand Image ကို လျော့ကျစေပါတယ်။

 

Myanmar Advertising Directory