Digital Marketing

Digital Marketer တွေ ပြုလုပ်သင့်တဲ့ပြိုင်ပွဲ (၆)ခု

Read 2222 times
Digital Marketer တွေ ပြုလုပ်သင့်တဲ့ပြိုင်ပွဲ (၆)ခု

 

၁။ Like and share to Win

မိမိရဲ့ပေ့ခ်ျ သို့မဟုတ် ပို့စ်ကို Like and Share လုပ်ပေးရုံနဲ့လက်ဆောင်နဲ့  ဆုတွေပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒီလိုမျိုးကိုတော့ ပေ့ခ်ျ Like ရလိုတဲ့ အခါမှာသုံးတက်ကြပါတယ်။

၂။ Comment to Win

ကုန်ပစ္စည်းတစ်ခုခုအကြောင်း ဒါမှမဟုတ် ပေ့ခ်ျအမျိုးအစားနဲ့သက်ဆိုင်တဲ့ အကြောင်းအရာကိုမေးပြီး Comment ပေးခိုင်းတာမျိုးပါ။ အဖြေမှန်တဲ့ Comment ကို လက်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုးကိုတော့ Fans တွေကို ပျော်စေလိုတဲ့အခါဖြစ်ဖြစ် ပေ့ခ်ျကိုဝင်ကြည့်တာများလိုတဲ့အခါ လုပ်တက်ကြပါတယ်။

၃။ Solve to Win

ပဟေဋ္ဌိဥာဏ်စမ်းအကြောင်းအရာများကို မေးမြန်းပြီး လက်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ အဖြေမှန်တဲ့သူတစ်ဦးကို လက်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါကတော့ Fan တွေကို Ice Breaker လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။

Read More>>>Facebook မှာ Marketing ပြုလုပ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်အချက်များ

၎။ Upload Picture to Win

Fan တွေကို မိမိကုန်ပစ္စည်းနဲ့ဆိုင်တဲ့ဓာတ်ပုံတွေကို တင်ခိုင်းတာမျိုးပါ။ Like အများဆုံးရတဲ့ ပုံကို ဆုပေးတာမျိုးနဲပြိုင်ပွဲကို စည်းကမ်းလုပ်ထားပါတယ်။

၅။ Caption to Win

ပုံတစ်ပုံကိုတင်ပြီး Fan များကို နာမည်ပေးခိုင်းတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲလေးလုပ်ပေးခြင်းဖြင့် Post Engagement လည်း တက်လာပါတယ်။

၆။ Join the website to Win

နောက်ဆုံးချက်ကတော့တင်ထားတဲ့ ပို့စ်ကို Like ခိုင်းပြီး Website ကို Register လုပ်ခိုင်းပါတယ်။ Register လုပ်တဲ့ စာရင်းမှာပါတဲ့သူများကို လက်ဆောင်ပေးတာမျိုးဖြစ်ပါတယ်။

Credit : Rangoon.blogspot.com