Business Marketing

ဒစ္ဂ်ယ္တယ္နည္းပညာျဖင့္ အေရာင္းျမွင့္တင္ျခင္းသည္ စားသံုးသူထံ တိုက္ရိုက္ေရာက္ရွိႏုိင္

Read 1282 times
ဒစ္ဂ်ယ္တယ္နည္းပညာျဖင့္ အေရာင္းျမွင့္တင္ျခင္းသည္ စားသံုးသူထံ တိုက္ရိုက္ေရာက္ရွိႏုိင္

 

တည္ေနရာအလုိက္၊ အသက္အရြယ္အလိုက္ စသည္ျဖင့္ မာကက္တင္းအတြက္ လိုအပ္ေသာအခ်က္အလက္ကို ေဖ့စ္ဘြတ္ခ္က ေပးအပ္ေနသည္ဟု ဟြာေ၀းကုမၸဏီမွ မခင္ရတနာ၀င္း ကေျပာသည္။

ကုမၸဏီမ်ား၏ ထုတ္ကုန္ႏွင့္လိုအပ္ခ်က္ရွိေသာ စားသံုးသူဆီသို႔ အခ်က္အလက္ကို တိုက္ရိုက္ခ်ိတ္ဆက္ႏုိင္ရန္ ေဖ့စ္ဘြတ္ခ္သည္ အမည္၊ အသက္၊ တည္ေနရာ၊ က်ား၊မ၊ အီးေမးလ္ အစရွိသျခင့္ အခ်က္အလက္မ်ားကို အေကာင့္သစ္စတင္ဖြင့္လွစ္စဥ္ကတည္းက စုေဆာင္းထားျခင္းျဖစ္သည္။

“ေဖ့စ္ဘြတ္ခ္က က်ြန္ေတာ္ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊ သူပုိ႔ခ်င္တဲ့ ေၾကာ္ျငာကုိ က်ြန္ေတာ္႔ ဆီပို႔ေအာင္ေရာက္ေပးႏုိင္တာကို အခုေနာက္ပိုင္းပုိသတိထားမိလာတယ္” ဟုေန႔စဥ္ေဖ့စ္ဘြတ္ခ္အသံုးျပဳသူ ကိုေက်ာ္မင္းကေျပာတယ္။

ေဖ့စ္ဘြတ္ခ္ အေကာင္႔စတင္ျပဳလုပ္စဥ္က အခ်က္အလက္ဆုိင္ရာ မူ၀ါဒႏွင့္အသံုးျပဳသူအတြက္ စည္းကမ္းခ်က္ ကို သေဘာတူညီမွသာ စတင္အသံုးျပဳႏုိင္ေၾကာင္း၊ ေနာက္ဆံုးအေနျဖင့္မိမိတင္ေသာပံုကိုပင္ ေဖ့စ္ဘြတ္ခ္ ေၾကာ္ျငာအေနျဖင့္ ျပန္လည္အသံုးျပဳႏုိင္ေၾကာင္း နည္းပညာdeveloperကိုကိုရဲမွကေျပာသည္။

ျမန္မာႏုိင္ငံ၌ မိုဘုိင္းဖုန္းကို အမွန္တကယ္အသံုးျပဳသူ သန္း၃၀ႏွင့္ ေဖ့စ္ဘြတ္ခ္အသံုးျပဳသူ ၁၁သန္းေက်ာ္ ရွိသည္ဟု ခန္႔မွန္းထားသည္။ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားလုပ္ငန္းစတင္ခဲ့သည့္ ၂၀၁၄ေနာက္ပိုင္း ေဖ့စ္ဘြန္ခ္ကိုမွီခို၍ ဒစ္ဂ်စ္တယ္မာကတ္တင္းလုပ္ငန္းတြင္က်ယ္ျခင္းျဖစ္ေၾကာင္း ကိုဟိန္းသက္ေဇာ္ခင္ ကေျပာသည္။

Read -Facebook Advertising တြင္ အလုပ္မိဆံုး အမွားသံုးခု

Source; 7day daily

Unicode Verison

ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရောင်းမြှင့်တင်ခြင်းသည် ကုမ္ပဏီနှင့်ကိုက်ညီသည့်စားသုံးသူထံသို့ တိုက်ရိုက် ရောက်ရှိနိုင်ကြောင်း Big Impact Media မန်နေဂျင်းဒါရိုက်တာ ကိုဟိန်းသက်ဇော်ခင်ကပြောသည်။
ဒစ်ဂျစ်တယ်မားကတ်တင်းကို platformမျိုးစုံတွင် လုပ်ကိုင်ဆောင်ရွက်သော်လည်း အများစုသည် အလွယ် ကူဆုံးနှင့် အထိရောက်ဆုံးဖြစ်သည့် ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်ခ်ပေါ်၌ လုပ်ဆောင်နေသည်။ ဖေ့စ်ဘွတ်ခ်သည် ကုမ္ပဏီများ၏ စျေးကွက်ရှာဖွေမှုကို ထိရောက်မှုရှိစေရန် လိုအပ်သောအချက်အလက်ကို ထုတ်ပေးနိုင်သည့် ဆိုရှယ်မီဒီယာတစ်ခုုဖြစ်သည်။ တည်နေရာအလိုက်၊ အသက်အရွယ်အလိုက် စသည်ဖြင့် မာကက်တင်းအတွက် လိုအပ်သောအချက်အလက်ကို ဖေ့စ်ဘွတ်ခ်က ပေးအပ်နေသည်ဟု ဟွာဝေးကုမ္ပဏီမှ မခင်ရတနာဝင်း ကပြောသည်။
ကုမ္ပဏီများ၏ ထုတ်ကုန်နှင့်လိုအပ်ချက်ရှိသော စားသုံးသူဆီသို့ အချက်အလက်ကို တိုက်ရိုက်ချိတ်ဆက်နိုင်ရန် ဖေ့စ်ဘွတ်ခ်သည် အမည်၊ အသက်၊ တည်နေရာ၊ ကျား၊မ၊ အီးမေးလ် အစရှိသခြင့် အချက်အလက်များကို အကောင့်သစ်စတင်ဖွင့်လှစ်စဉ်ကတည်းက စုဆောင်းထားခြင်းဖြစ်သည်။
“ဖေ့စ်ဘွတ်ခ်က ကျွန်တော်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သူပို့ချင်တဲ့ ကြော်ငြာကို ကျွန်တော့် ဆီပို့အောင်ရောက်ပေးနိုင်တာကို အခုနောက်ပိုင်းပိုသတိထားမိလာတယ်” ဟုနေ့စဉ်ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ကိုကျော်မင်းကပြောတယ်။
ဖေ့စ်ဘွတ်ခ် အကောင့်စတင်ပြုလုပ်စဉ်က အချက်အလက်ဆိုင်ရာ မူဝါဒနှင့်အသုံးပြုသူအတွက် စည်းကမ်းချက် ကို သဘောတူညီမှသာ စတင်အသုံးပြုနိုင်ကြောင်း၊ နောက်ဆုံးအနေဖြင့်မိမိတင်သောပုံကိုပင် ဖေ့စ်ဘွတ်ခ် ကြော်ငြာအနေဖြင့် ပြန်လည်အသုံးပြုနိုင်ကြောင်း နည်းပညာdeveloperကိုကိုရဲမှကပြောသည်။
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းကို အမှန်တကယ်အသုံးပြုသူ သန်း၃၀နှင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၁၁သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်။ ဆက်သွယ်ရေး အော်ပရေတာများလုပ်ငန်းစတင်ခဲ့သည့် ၂၀၁၄နောက်ပိုင်း ဖေ့စ်ဘွန်ခ်ကိုမှီခို၍ ဒစ်ဂျစ်တယ်မာကတ်တင်းလုပ်ငန်းတွင်ကျယ်ခြင်းဖြစ်ကြောင်း ကိုဟိန်းသက်ဇော်ခင် ကပြောသည်။
Source; 7day daily