How To

Digital marketing မှာ Impression အကြောင်းသိကောင်းစရာ

Read 2238 times
Digital marketing မှာ Impression အကြောင်းသိကောင်းစရာ

ကြော်ငြာကို မြင်မယ် တွေ့မယ် လက်ချောင်းနဲ့ ထိကြည့်မယ် စတဲ့ မျှော်လင့်ချက်ဖြင့် ပြသခြင်း ဖြစ်ပါတယ်။ ကြော်ငြာမှာ ပြသထားတဲ့ အသိပေးချက်ကို သတိပြုမိမယ်။

 

Digital marketing ထဲမှ Impression

=========================

Digital marketing မှာ Impression ကို ကြိမ်ရေ ဘယ်လောက် ရှိသလဲ သိနိုင်တယ်။ အဲဒါဟာ အော့ဖ်လိုင်းထက် သာတဲ့အချက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘေဘုတ်ထောင်ထားတဲ့ ကြော်ငြာရှင်အနေဖြင့် ဘေဘုတ်ကို မြင်တဲ့ကြိမ်ရေကို ခိုင်ခိုင်မာမာ ခန့်မှန်းသိရှိနိုင်ခြင်း မရှိဘူး။Digital marketing မှာတော့ သိလို့ရတာကြောင့် cost-per-thousand (CPM) impressionsမြင်ကြိမ်ရေတစ်ထောင်အရ ဈေးနှုန်းသတ်မှတ်ပြီး ကြော်ငြာ ရောင်းကြတယ်။

 

Impression ၂ မျိုး

============

 

Impression တစ်မျိုးက Served Impressions ဖြစ်ပါတယ်။ တင်ပြထားတဲ့ ကြော်ငြာ ဘယ်နှခါ ပြလိုက်သလဲဆိုတာကို ဆာဗာကနေ ရေတွက်မှတ်သားပေးထားတယ်။အဲဒီမှာ ရှေ့မှာ တင်ပြခဲ့တဲ့ 'billboard' ပြဿနာ ရှိနေတယ်။ ပြသတာကို မြင်ကောမြင်လိုက်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာလဲ ရှိတယ်။ စခရင်မှာ မမြင်သာတာမျိုးလည်း ရှိတယ်။Viewable Impressions ဟာ နောက်ထပ် Impression တစ်မျိုးဖြစ်ပြီး Served Impressions ထက် ပိုကောင်းတယ်။ ပြသတာကို မမြင်ရဘူးလို့ ယူဆရင် ပြသတာကို ထည့်မရေတွက်ဘူး။

 

ပြသတဲ့ကြော်ငြာကို မမြင်ရတဲ့ အကြောင်းတွေ ရှိတယ်။ကြော်ငြာ တားတဲ့ ဆော့ဖ်၀ဲလ် Ad-blocking softwareစခရင်က ပုံကို ကောင်းကောင်းပြနိုင်တဲ့ ပုံထုတ်ပြအရည်အသွေး နိမ့်ကျခြင်း

ကြော်ငြာကို ပြဖို့ တင်နေတုန်းမှာ သုံးတဲ့သူက ကြော်ငြာ ပေါ်လာတဲ့အထိ မစောင့်ဘဲ အောက်ကို ဆက်ဆင်းသွားခြင်း

အင်တာနက် မကောင်းလို့ ကြော်ငြာ မပေါ်ခြင်း

ကြည့်နေတာက လက်ပ်တော့ သို့မဟုတ် စားပွဲတင် မိုနီတာဖြစ်ပြီး ကြော်ငြာက မိုဘိုင်းကိရိယာ စခရင်တွေအတွက်ပဲ ဖြစ်နေခြင်း

ဘရိုဇာရဲ့ မြင်ကွက်ကို သေးထား ကျဉ်းထားခြင်း

သုံးစွဲသူက ဟိုပြောင်းးဒီပြောင်း ပြောင်းလဲကြည့်ရှုနေခြင်း

 

စတဲ့ အကြောင်းကြောင်းကြောင့် ကြော်ငြာကို စခရင်သုံးစွဲသူမှ မမြင်ရရင် မြင်နိုင်သော အင်ပရက်ရှင် Viewable Impressions မဖြစ်တာမို့ ပြသကြိမ်ရေမှာ ထည့်သွင်းရေတွက်ခြင်း မပြုဘူး။တစ်နည်းပြောရရင် စခရင်သုံးစွဲသူက တကယ်မြင်ရမှသာ တစ်ကြိမ် မြင်သည်လို့ ရေတွက်တာ ဖြစ်ပါတယ်။