Business Marketing

ဒီဂျစ်တယ်စနစ်ကို ဦးတည်နေတဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ရှာဖွေရေး

Read 24 times
ဒီဂျစ်တယ်စနစ်ကို ဦးတည်နေတဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ရှာဖွေရေး

JobNet.com.mm ကပြုလုပ်တဲ့

Sales & Marketing Carrer Coference 2018 အတွင်း ပညာရှင်တွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

"ဒီဂျစ်တယ်မာကတ်တင်းက မြန်မာနိုင်ငံမှာ အားကောင်းလာပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ဒီဂျစ်တယ်မာကတ်တင်းက အလားအလာကောင်းတွေရှိပါတယ်။

ဒီဂျစ်တယ်မာကတ်တင်းဆိုရင် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ရတာတွေရှိပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အားလုံးက ဒီဂျစ်တယ်မီဒီယာက ဖွံ့ဖြိုးလာပြီး ပိုအားကောင်းလာတာကို ဆွေးနွေးခဲ့ကြပါတယ် " လို့ Ooredoo ရဲ့ Marketing နှင့် Communication Director ဒေါ်ပွင့်ဦးဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Website တစ်ခုဖြစ်တဲ့ JobNet.com.mm မှကြီးမှူးပြီး

Sale နဲ့ Marketing ပိုင်းလုပ်သားခေါ်ယူလိုတဲ့ ကုမ္ပဏီကြီးတွေက နိုင်ငံတွင်းရှိ Sale နဲ့ Marketing Carrer Conference 2018 အလုပ်အကိုင်ပြပွဲကြီးကို

2018 ခုနှစ်၊ ဇွန်လ 3 ရက်၊ နံနက် 9 နာရီမှစတင်ပြီး ညနေ 5 နာရီအထိ ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ပြီး

အဆိုပါပွဲကြီးက မြန်မာနိုင်ငံတွင်း Sales နဲ့ Marketing ပိုင်းလုပ်သားခေါ်ယူလိုတဲ့ ကုမ္ပဏီကြီးတွေက

နိုင်ငံတွင်းရှိ Sales နဲ့ Marketing ပိုင်းတွေက လုပ်သားတွေကို အလုပ်ခေါ်ယူခဲ့ကြပြီး အလုပ်အကိုင်ရှာဖွေသူပေါင်း ၃ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။

Sales & Marketing Carrer Conference 2018 မှာ MPT, Coca Cola, YOMA, OOREDOO, Wall Street English, CDSG, Cannel+ စတဲ့ ထိပ်တန်းကုမ္ပဏီတွေအပြင် ကုမ္ပဏီပေါင်း ၃၀ ကျော်က ပါဝင်ပံ့ပိုးပေးတယ်လို့ သိရပါတယ်။

Read-တူတယ်ထင်ရပေမဲ့ မတူတဲ့ Brand နဲ့ Logo

Myanmar Advertising Directory

Source; Internet