Digital Marketing

Like တွေ အများကြီးရပေမယ့် ထင်သလောက် ရောင်းအားမတက်ဖြစ်နေလား...?

Read 1415 times
Like တွေ အများကြီးရပေမယ့် ထင်သလောက် ရောင်းအားမတက်ဖြစ်နေလား...?

ဘာကြောင့်လဲဆိုရင် ဆိုင်မရှိကြလို့ပါ။ Online Shopping လုပ်တဲ့နေရာမှာ ဆိုင်ရှိတဲ့သူက ဆိုင်ကပစ္စည်းတွေကို လှလှလေးဆင်ပြီး ဆိုင်ရှေ့မှာပြလိုက်ရင် ဝယ်ဖို့အစီအစဉ်မရှိရင်တောင် ဖြတ်သွားရင်းနဲ့တွေ့ပြီး သဘောကျသွားကြမယ်။ ဈေးမေးမယ်။ နည်းနည်းလေးဆွဲဆောင်လိုက်တာနဲ့ ဝယ်ဖြစ်ဖို့သေချာသလောက်ရှိသွားပြီမဝယ်ရင်တောင် ကိုယ့်ဆိုင်ကို သတိထားမိသွားပြီ။ လိုလာတာနဲ့ ကိုယ့်ကိုသတိရပြီး ဝယ်ဖို့ပဲကျန်တော့တယ်။

 

Onlineကတော့ မတူပါဘူး။ ကုန်ကျစရိတ်က ဘာမှမရှိတော့ လူတိုင်းက Pageလုပ်နိုင်တယ်။ ပြောတဲ့အတိုင်း မလုပ်ကြတာတွေရှိပေမယ့် Likeတွေက သောင်းနဲ့ချီမျာပြီး ခိုင်မာမှုမရှိကြဘူး။ Likeပေးတယ်ဆိုတာ လှရင်လည်းပေးတာပဲ ကြိုက်ရင်လည်းပေးတာပဲ။

ကုန်ကျစရိတ်နည်းနည်းလေးထည့်ပြီး ကိုယ်တင်လိုက်တာနဲ့ ရောင်းထွက်ဖို့ ကိုယ့် ပစ္စည်းက တော်တော်ခိုင်မာမှ သူမတူမှ ရမယ်နော်။ ဒီလိုမဟုတ်ရင်တော့ သေချာplanချ ဓာတ်ပုံကို ကိုယ်တိုင်ရိုက် ပုံတွေပုံမှန်တင် ဈေးသက်သာပြီး Promotionလေးတွေပုံမှန်လုပ်မှ ဖြစ်မှာပါ။

 

ပစ္စည်းချည်းရောင်းနေတာမျိုး မဟုတ်ပဲ ပစ္စည်း education တွကို ဗဟုသုတအနေနဲ့ ရှယ်ပေးပြီး ၀ယ်ယူသူတွေကို တစ်ခုခုပြန်ပေးပါ။ အဲ့တော့မှ လိုလိုလားလား ကိုယ့် pageထဲရောက်လာပြီး ကိုယ်နဲ့ခင်လာမယ်၊ ခိုင်မာတယ် အရည်အသွေးကောင်းတယ်ဆိုတာ သက်သေပြခွင့်ရမှာ ဖြစ်ပါတယ်။ အတင်းကြီး Boostလုပ် အတင်းကြီး ထိုးရောင်း အတင်းကြီး စိတ်ဓာတ်ကျတာမျိုးမလုပ်ပဲ Professional ဆန်ဆန် လုပ်ဖို သေချာစဉ်းစားရပါမယ်။

 

Facebook မှာ pageဖွင့် Internet က ပုံတွေယူသုံး ရတဲ့အချိန်လေး Postတင်ရုံနဲ့ Salesတက်မှာမဟုတ်ပါဘူး။ Marketingရော Facebookရော Audienceကိုရော နားလည်ပြီး တစိုက်မတ်မတ် စိတ်ရှည်ရှည်နဲ့ အစီအစဉ်တကျ သေချာလုပ်မှသာ ခိုင်မာတဲ့ တိုးတက်တဲ့ စီးပွားရေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

Source; New Idea Marketing

Myanmar Advertising Directory

Read More ... ယနေ့အချိန်ထိ အောင်မြင်နေဆဲ Billboard Advertising အကြောင်း