ဒီပွဲကို မန္တလေး လူထုနေရာ (Mandalay Community Center) နဲ့ ဖန်တီးရာတို့ ပူးပေါင်းမှာ ဖြစ်ပြီး အင်တာနက်နဲ့ ပတ်သတ်တဲ့ နည်းပညာဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဖော်ပြမယ့် ပွဲဖြစ်ပါတယ်။
လုံခြုံစိတ်ချရတဲ့ အင်တာနက်ရပ်ဝန်းတစ်ခု တည်ဆောက်ရန်အတွက် လိုအပ်တဲ့နည်းပညာတွေကို ဆွေးနွေးသွားမှာဖြစ်လို့ ဗဟုသုတရစေမယ့် ပွဲလေးတစ်ပွဲလဲဖြစ်ပါတယ်။
၂၀၁၉ ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အဆန်းသစ်ဆုံးသော ကြော်ငြာကုမ္ပဏီ ( ၃ ) ခု
ဒီပွဲမှာ Internet Safety and Digital Security, Media Literacy နဲ့ Online Harassment စတာတွေအပြင် နည်းပညာအခြေပြုပြီး လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်လိုသူတို့အတွက် Design Thinking နဲ့ Data Literacy စတဲ့ ခေါင်းစဉ်များကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
သင့်အနေနက် အင်တာနက်အသုံးပြုနေပြီး အင်တာနက်ပေါ်က သတင်းအမှားတွေကို ဘယ်လိုစစ်ဆေးနိုင်မလဲ၊ အွန်လိုင်းပေါ်မှာ ဖြစ်တတ်တဲ့ နှောက်ယှက်မှုတွေနဲ့ ပက်သက်ပြီး ဘာတွေလုပ်ဆောင်သင့်သလဲ၊ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာကို လုံခြုံမှုရှိစေရန်ဘာတွေလုပ်ဆောင်ရမယ် စတာတွေကို ဒီပွဲမှာ ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပါတယ်။
ဒီဂျစ်တယ် အသိပညာတွေ တိုးပွားလာဖို့ တက်ရောက်ချင်တဲ့သူတွေအတွက် ဖုန်းနံပါတ် 09787431730 နဲ့ အောက်က Link မှာစာရင်းပေးသွင်းလို့ရပါတယ်။
Source; Phandeeyar
Myanmar Advertising Directory