Global

အောင်မြင်တဲ့ ကြော်ငြာတစ်ခု ဖန်တီးချင်တယ်ဆိုရင် အိမ်စာလုပ်ပါ

Read 4499 times
အောင်မြင်တဲ့ ကြော်ငြာတစ်ခု ဖန်တီးချင်တယ်ဆိုရင် အိမ်စာလုပ်ပါ

ဒါကြီးက အင်မတန် စိတ်မရှည်ချင်စရာကြီးမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခြားနည်းလမ်းလည်း မရှိပါဘူး။

ပထမဆုံး၊ ကိုယ်ကြော်ငြာမယ့် ကုန်ပစ္စည်းကို လေ့လာပါ။ သေသေချာချာ သိလေ၊ ရောင်းဖို့အတွက် စိတ်ကူးကောင်းတွေ ခင်ဗျား ရလာမှာပဲ။ ကျွန်တော် ရိုးရှိုက်စ်ကို ကိုင်တုန်းက ကားအကြောင်းကို ၃ ပတ်လောက် ဖတ်ပြီး “တစ်နာရီ မိုင် ၆၀ မှာ၊ ဓါတ်ခဲနာရီရဲ့ အကျယ်ဆုံးအသံထွက်လာပါတယ်။” ဆိုတာလေးကို ရလိုက်ပါတယ်။ ဒီစာသားက ခေါင်းစီးဖြစ်လာပြီး၊ သူ့အောက်မှာ ချက်ကျလက်ကျရေးထားတဲ့ စာ ၆၀၇ လုံးပါတဲ့ အရောင်း စာပိုဒ်လာပါတယ်။

နောက်ပိုင်း၊ မာစီဒီးကို ကိုင်ရတဲ့အခါ၊ စတူဂတ်က Daimler-Benz ရုံးချုပ်ဆီ အဖွဲ့တစ်ဖွဲ့ လွှတ်ပါတယ်။ အဲ့ဒီမှာ ၃ ပတ်လောက်နေပြီး အင်ဂျင်နီယာတွေကို သေချာ မေးတာမြန်းတာတွေ လုပ်ပါတယ်။ ဒါတွေကနေ ရှည်လျားပြီး၊ ထိရောက်တဲ့ ကမ်ပိန်း ဖြစ်ပေါ်လာပြီး အမေရိကန်နိုင်ငံတွင်း မာစီဒီးရဲ့ ရောင်းအားကို တစ်နှစ်အစီးရေ ၁၀,၀၀၀ နှုန်းကနေ ၄၀,၀၀၀ နှုန်း ဖြစ်သွားစေပါတယ်။

Good Luck မာဂျရင်းကို ကြော်ငြာဖို့ ကမ်းလှမ်းခံရတုန်းကလည်း၊ ဒီမာဂျရင်းက ကျောက်မီးသွေးကနေ လုပ်ထားတာနဲ့ ပတ်သက်ပြီး အရင်က စိတ်ထဲ သိပ်မဝင်မကျခဲ့ပါဘူး။ ဒါပေမယ့် ၁၀ ရက်လောက် ဒီအကြောင်းကို လေ့လာပြီးတဲ့နောက်မှာ တကယ်ရောင်းအားတတ်စေခဲ့တဲ့ ထိမိတဲ့ ကြော်ငြာတစ်ခု ဖြစ်လာ စေခဲ့ပါတယ်။

Shell ဆီဆိုင်နဲ့တုန်းကလည်း အတူတူပါပဲ။ အလုပ်အပ်နှံသူရဲ့ ရှင်းလင်းချက်မှာ ကျွန်တော့်ကို အံ့အားသင့်စေတာ တစ်ခု ပါလာတယ်။ ဆီထဲမှာ ပါဝင်ပစ္စည်းတွေ များတယ်။ အဲ့ဒီ့ထဲမှာမှ Platformate ဆိုတဲ့ပစ္စည်းက ခရီးဝေးပိုရောက်ဖို့ ကူညီပေးတယ်။ ဒီအချက်လေးက ကမ်ပိန်းအောင်မြင်လာစေပြီး ၇ နှစ်လောက်ကျနေတဲ့ Shell ရဲ့ ရှယ်ယာဈေးကွက်ကို ပြန်ပြီး ဦးမော့လာစေပါတယ်။

ဒါတွေကို သေချာ မလော့လာချင်ဘူးဆိုရင်တော့ ကြော်ငြာလုပ်ငန်းမှာ အောင်မြင်တယ် ဆိုတာ ကံကောင်းလို့သာ ဖြစ်မှာပါ။ အဲ့ဒါဆိုရင်လည်း “ပြောင်ချော်တဲ့မျက်နှာပြင်ရဲ့ မသင့်တော်တဲ့ထက်မြက်မှု” လို့ ကျွန်တော့်အစ်ကို Francis ပြောတဲ့ ကြိုးတန်း လမ်းလျှောက်ရတဲ့ စွန့်စားမှုမျိုးကို ကြုံရမှာပဲ။

နောက်တစ်ခုလုပ်ရမှာက ပြိုင်ဖက်တွေက ဒီလိုပစ္စည်းကို ဘယ်လိုကြော်ငြာနေသလဲ သိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုတွေ အဆင်ချောနေကြသလဲရောပေါ့။ ဒါတွေက ခင်ဗျားအတွက် ယှဉ်ထိုး စဉ်းစားစရာတွေ ရလာစေပါလိမ့်မယ်။

အခု စားသုံးသူတွေနဲ့ပတ်သက်လို့ သုတေသနလုပ်ရမယ်။ ခင်ဗျားရောင်းချင်တဲ့ ပစ္စည်းမျိုးတွေကို သူတို့က ဘယ်လိုသဘောထားလဲ၊ ဒါနဲ့ပတ်သက်ပြီး သူတို့ ပြောကြဆိုကြအခါ ဘယ်လိုပြောလဲ၊ ဘယ်အချက်တွေက သူတို့အတွက် အရေးကြီးမလဲ၊ ဘယ်လိုကတိကဝတ်တွေက ခင်ဗျားရောင်းတဲ့ ပစ္စည်းကို သူတို့ ဝယ်လာစေချင်မလဲ ဆိုတာတွေ သိအောင် လုပ်ရမှာ ဖြစ်ပါတယ်။

ဒါတွေကို သိအောင်လုပ်ပေးမယ့် ကျွမ်းကျင်သူကို မတတ်နိုင်ရင် ကိုယ်တိုင်လုပ်ရမှာပါ။ အိမ်ရှင်မ ဒါဇင်ဝက်လောက်ကို စနစ်တကျမဟုတ်တဲ့ စကားဝိုင်းကနေ မေးလို့မြန်းလို့ သိလာတာဟာ၊ စာစီသမား Copywriter တစ်ယောက်အတွက် အခြားသူမေးပေးထားတဲ့ စစ်တမ်းတစ်ခုထက် တစ်ခါတစ်လေမှာ ပိုပြီးတာသွားပါတယ်။

[ ဆက်လက်ဖတ်ရှုပါရန် ]

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory

Read More … သင့်ကုန်ပစ္စည်းကို ရောင်းအားတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Chatbot Marketing