၁။သိချင်တတ်ချင်စိတ်ပြင်းပြပြီး သင်ယူလိုစိတ်အမြဲနိုးကြားနေခြင်း။
၂။ပြဿနာများ၏ ရင်းမြစ်ကို လိမ္မာပါးနပ်စွာချဉ်းကပ်နိုင်ပြီး အကျိုးအကြောင်းကို ပိုင်းခြားကာ မှန်ကန်သောဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ခြင်း။
၃။လုပ်ဖော်ကိုင်ဖက်များရဲ့ အခြေအနေကို လျှင်မြန်စွာအကဲခတ်နိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့စိတ် ပိုင်ဆိုင်ထားခြင်း။
၎။လမ်းဟောင်းကို မလိုက်ဘဲ ဆန်းသစ်သောတွေးခေါ်မှုများနဲ့ လမ်းသစ်တစ်ခုကို ဖောက်လုပ်ချင်စိတ်ရှိခြင်း။
၅။ဖြစ်ပျက်လာမယ့် အခြေအနေတစ်ခုကို လက်ခံတာထက် ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးယူနိုင်ခြင်း။
Read-အလုပ်များပြိုင်ဖက်များထက်သာနေစေဖို့နည်းလမ်း ၄ ချက်
၆။ အငြင်းပွားဖွယ် အခြေအနေများကို ပါးနပ်စွာဖြေရှင်နိုင်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု မထိခိုက်အောင် ပြုလုပ်နိုင်ခြင်း။
၇။သူတစ်ပါးယုံကြည်လက်ခံမှုရှိအောင် ပြောဆိုနိုင်တဲ့စွမ်းရည် ပိုင်ဆိုင်ထားခြင်း။
၈။ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းများကို ရှာဖွေအားထုတ်ပြီး မိမိအရည်အချင်းများကို လည်းမြင့်မားလာအောင် အမြဲကြိုးစားနေခြင်း။
၉။ကိုယ်တာဝန်ယူထားတဲ့ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုရှိပြီး တာဝန်ယူလိုစိတ်အပြည့်အ၀ရှိခြင်း။
၁၀။အကောင်းမြင်စိတ်နဲ့ မိမိကိုယ်ကို အမြဲယုံကြည်မှုထားရှိခြင်း။
Source; Inc.southeastasia